"-လော့ယန် ​​အခုအချိန်မှာ ဖိအားတွေ အများကြီး ခံနေရမှာပဲ မစ္စတာချီ ငါတို့အမြဲအတူရှိနေကြပြီး၊ ​​သူ့ကို ယုံယုံကြည်ကြည်နဲ့ အမြဲတမ်း ထောက်ခံနေတယ်ဆိုတာ ပြောပေးပါ"

"တွေ့ဆုံပွဲပြီးတာနဲ့ ဒီသတင်းကိုတန်းမြင်လိုက်ရတာပဲ ငါအခုတအား ဝမ်းနည်းနေတယ်၊ ငါတို့ရဲ့ လော့ယန်ကဘယ်လောက်ကောင်းလိုက်လဲ ပရိသတ်လက်ခံပွဲတိုင်း၊ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေနဲ့၊ တွေ့ဆုံနှုတ်ဆက်ပွဲတွေပဲဖြစ်ဖြစ် ပွဲပြီးတဲ့အချိန်တိုင်းမှာ ငါ့တို့ကို အန္တရာယ်ကင်းကင်ပြန်ရောက်အောင် သတိပေးဖို့ ဘယ်တော့မှမေ့ခဲ့တဲ့သူမဟုတ်ဘူး အဲဒီလူတွေပြောသလို နိမ့်ကျပြီး ကြမ်းကြုတ်တဲ့ စရိုက်လက္ခဏာရှိတဲ့ လူတစ်ယောက်ဖြစ်ပါ့မလား”

"-တစ်ရှူးကိုဆွဲပြီး မျက်ရည်သုပ်ပြီးရင် သွားရအောင်၊ သွားရအောင်၊ သွားရအောင်၊ ငါရဲ့ အင်္ကျီလက်တွေကို လိပ်တင်ပြီး အဲ့မြင်ကွင်းကို ဖျက်စီးပစ်မယ် အဲ့ motherf*ckers တွေကိုဆွဲမချနိုင်ရင် ငါ့ကိုယ်ငါမသေမျိုးလို့ခေါ်ဖို့က အရမ်းရှက်ဖို့ကောင်းသွားလိမ့်မယ်"

မှတ်ချက်အချို့ကိုဖတ်ပြီတဲ့းနောက်၊ ချီချန်အန်း သူ့လက်ထဲကဖုန်းကိုချကာ အပူချိန်စမ်းသပ်ရန် သူ့လက်ကို ရွှီလော့ရန်ရဲ့နဖူးပေါ်သို့ နောက်တစ်ကြိမ်ထပ်တင်လိုက်ပြီး အပူချိန်အနည်းငယ် ကျဆင်းသွားတာကို တွေ့ရှိပြီးနောက် သူ့နှလုံးသားထဲတွင် ရန်လိုမုန်းတီးမှုများ ပြန်လည်စိုးစံသွားသည်။

မင်းကို လူတွေက အနိုင်ကျင့်ပြီး ဆဲဆိုနေတာကို ကိုယ်ဘယ်လိုမှခွင့်မပြုနိုင်ဘူး မင်းက ကိုယ့်ရဲ့ လင်းလက်တောက်ပနေတဲ့ကြယ်လေး...အမြဲတမ်းအတွက်လင်းလက်နေရမယ့်ကြယ်လေးတစ်စင်း...။

ထိုင်ခုံပေါ်မှာထိုင်နေတဲ့ချီချန်အန်းတစ်ယောက် ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့လူကို စေ့စေ့ကြည့်ပြီး သူ့ရဲ့အသက်ရှုသံကို နားထောင်နေချိန်တွင် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လေထုကတဖြည်းဖြည်း ပြန်ပျော့ပျောင်းလာကာ အချိန်အတော်ကြာအောင် ချီတုံချတုံဖြစ်ပြီးနောက် ဖုန်းကို ပြန်ဖွင့်ကာ လော့ခ်ဖွင့်လိုက်ပြီး 'ရွှီနျောင်နျောင်ရဲ့ စိတ်ခံစားချက်လေး' ဆိုတဲ့ အကောင့်ကို နှိပ်၀င်လိုက်သည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့حيث تعيش القصص. اكتشف الآن