ချီချန်အန်းကဖြစ်ခဲ့တာတွေကို ဖြေးညင်းစွာပြန်ပြီးစဥ်းစားလိုက်တယ်။ သူထိုင်တဲ့နေရာက စင်နဲ့တော်တော်နီးနီးမှာရှိတာကြောင့် ရွှီလော့ယန်တစ်ယောက် စင်ပေါ်မှာစပြီးထိုင်ကာပြင်းပြင်းထန်ထန် လှုပ်ရှားမှု အနည်းငယ်တောင်မရှိတော့ကတည်းက တစ်ခုခုမှားနေပြီမှန်းသူသတိထားမိခဲ့သည်။သို့ပေမဲ့ သူက အသက်ရှုမဝလောက်စေမဲ့ သီချင်းမျိုးကိုဆိုခဲ့၏။

ထိုအချိန်မှာပဲ ဆေးရုံခုတင်ပေါ်က လူထံမှရုတ်တရက် တိုးတိုးတိတ်တိတ် ညည်းညူသံများ ထွက်ပေါ်လာပြီး ချီချန်အန်းတစ်ယောက် သူ့နာမည်ကို ရွှီလော့ယန် ခေါ်နေမှန်း အနီးကပ်နားထောင်ကြည့်မှ သတိထားမိသွားသည်။

ယင်းက သူ့ရဲ့နှလုံးသားကို ချွန်ထက်တဲ့ ကြောင်လက်သည်းလေးဖြင့် ကုတ်နေသလိုခံစားလိုက်ရကာ၊ ချီချန်အန်းက ရွှီလော့ယန်ရဲ့လက်ကို သူ့လက်တွေထဲမှာဆုပ်ကိိုင်ထားလိုက်ပြီးနောက် သူ့အသံကိုအညက်သာဆုံးဖြစ်အောင်ထိန်းလိုက်ကာ "ကိုယ်ရှိတယ်၊နျောင်နျောင် စိတ်မပူဘဲ ပြန်အိပ်လိုက်ဦး၊ ကိုယ်ဘယ်မှထွက်မသွားဘူးနော်"

သူတင်းထားတဲ့မျက်ခုံးတွေ ဖြေလျော့လိုက်ပြီးရွှီလော့ယန်တစ်ယောက် စိတ်သက်သာရာရသွားပုံရက သူ့ရဲ့ အသက်ရှူသံကမူ သိသိသာသာ ငြိမ်သက်သွားသည်။

ရွှီလော့ယန်ရဲ့အပူမကျသေးတဲ့ နဖူးကို ညင်သာစွာ နမ်းလိုက်ပြီးနောက် ချီချန်အန်းက မျက်လုံးတွေကို မှိတ်ပြီး သူ့ခံစားချက်တွေကို ဖုံးကွယ်လိုက်သည်။

နျောင်နျောင်ကတုံးအလိုက်တာကွာ။

နောက်နေ့မနက်စောစောအထိ၊ ပထမအကြိမ်ဆေးသွင်းပြီး တာတောင်မှ ရွှီလော့ယန်ရဲ့အဖျားက မကျသွားချေ။ သူ တစ်ချိန်လုံး အိပ်မက်မက်နေပုံရပြီး အိပ်ရတာ အလွန်သက်သောင့်သက်သာမရှိနေပုံရသည်။ ယခုလိုဖြစ်တဲ့အခါတိုင်းမှာ၊ချီချန်အန်းက သူ့နားကိုကပ်ပြီးစကားအချို့တီးတိုးပြောနေလေ့ရှိပြီး တခါတစ်လေဆိုရင် ရွှီလော့ယန်ရဲ့ ကိုယ်ပိုင်သီချင်းတွေကိုလည်း သီဆိုပြနေတက်သေးသည်။ ထိုနည်းလမ်းက တစ်ကယ်အလုပ်ဖြစ်ပြီး ရွှီလော့ယန်ကမကြာခင်မှာဘဲ သက်သောင့်သက်သာဖြင့်အိပ်ပျော်သွားတက်သည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now