တစ်ဖက်မှာ ခြေသံတွေ ဝေးသွားပြီး အခန်းထဲမှာ ဆေးဘက်ဆိုင်ရာ ကိရိယာများ၏ အသံများသာ ကျန်ရစ်ခဲ့သည်။ ချီချန်အန်းက ရွှီလော့ယန်ကို အလွန်စူးစိုက်သော မျက်လုံးများဖြင့် ကမ္ဘာပေါ်တွင် သူမျက်စိရှေ့မှာရှိနေတဲ့လူသားလေးတစ်ယောက်ပဲရှိနေသလိုမျိုး ကြည့်နေမိသည်။

အချိန်အတော်ကြာပြီးနောက် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီးနောက် ခေါင်းကို စောင်းရင်းငုံ့လိုက်ကာ သူ့ရဲ့နားကို ရွှီလော့ယန်ရဲ့ ရင်ဘက်နားမှာကပ်ထားလိုက်သည်။

နှလုံးခုန်သံတစ်ချက်ပြီးတစ်ချက် သူ့နားထဲသို့ ဝင်ရောက်လာမှ ချီချန်အန်းက သူ့မျက်လုံးများကိုမှိတ်လိုက်ပြီး တင်းမာနေတဲ့ သူ့ရဲ့ကြွက်သားတွေကို ဖြေလျှော့ပေးလိုက်သည်- သူ့လက်ချောင်းတွေကမူ အချိန်အကြာကြီးဆုပ်ထားမိတာကြောင့် မသိမသာ တုန်ရီနေလေသည်။

ရွှီလော့ယန် သူ့ရင်ခွင်ထဲမှာ သတိလစ်သွားတာကို မြင်လိုက်ရတဲ့ထိုအခိုက်အတန့်မှာ သူဘယ်လောက်ထိတ်လန့်သွားလဲဆိုတာ ဘယ်သူမှသိမည်မဟုတ်ပေ။

ရွှီလော့ယန် ခြုံထားတဲ့စောင်ရဲ့အစွန်းလေးကို ဂရုတစိုက်ဆုပ်ကိုင်ထားရင်း၊ ချီချန်အန်းက ကြွေခွက်လေးကိုထိနေရသလို တစ်ကြိမ်ထိလိုက်ယုံဖြင့် ကွဲသွားမည်ကို စိုးရိမ်သဖြင့် အခြားတစ်ဖက်ကိုပင်ထိရန် မဝံ့ရဲချေ။ သို့ပေမဲ့ သူ့စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတဲ့စိတ်က မြက်ရိုင်းများကဲ့သို့ ပျံ့နှံ့သွားပြီး ၎င်းတို့ကို တိုက်ထုတ်ရန်  သူ့တွင် မည်သည့်အစွမ်းအစမျှမရှိတော့ချေ။

ဆယ်စက္ကန့်ကျော်ကြာတဲ့အထိတင်းခံနေပြီးနောက် ချီချန်အန်းက သူ့ရဲ့လက်ကို ရွှီလော့ယန်ရဲ့ ဆေးချိတ်ထားတဲ့လက်မှာချိတ်တွယ်ထားလိုက်ပြီး နာကျင်မှုကို အနည်းဆုံး ခံစားရစေရန် ဂရုတစိုက် ထားလိုက်သည်။

ဆေးရုံခန်းရဲ့အတွင်းမှာ ရွှီလော့ယန်က စင်မြင့်ပေါ်မှာရှိနေတုန်းကလို တောက်ပတဲ့အသွင်အပြင်မျိုး လုံးဝကင်းစင်နေပြီး သူ့မျက်နှာသွင်ပြင်က သွေးမရှိသလို ဖြူဖွေးနေပေမဲ့ ပုံမှန်မဟုတ်တဲ့ အနီကွက်တွေက သူ့ရဲ့ပါးရိုးနှစ်ဖက်မှာ ပျံ့နှံ့နေသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now