သူအခုအရမ်းကြောက်ရွှံ့နေမိတယ်။အရင်ကသူ ဘယ်လောက်တောင်သတ္တိရှိခဲ့လဲ၊ခု​ကျတော့ ဘယ်လောက်တောင် သူရဲဘောကြောင်နေမိတာလဲ။

သူ့စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး ကိုယ့်ကိုကိုယ် ရဲဆေးတင်ဖို့ဆုံးဖြတ်လိုက်သည်။သို့ပေမဲ့ ထိုအချိန်မှာပဲ ပြန်မ​လာဖြစ်တော့ဘူးလို့ပြောထားတဲ့ ချီချန်အန်းက ပေါ်လာပြီး ဘယ်သူမှမရှိတဲ့ခုံမှာထိုင်နေတာကိုမြင်လိုက်ချိန်မှာတော့ ရွှီလော့ယန်ရဲ့ နှလုံးသားတစ်ခုလုံး ပျော်ရွင်တဲ့အငွေ့အသက်တွေနှင့် ပြည့်နှပ်သွားပြီး ခံစားချက်တွေယောက်ယက်ခက်သွားမိသည်။

ထို့နောက် ရိုးရှင်းစွာပင် ထိုခံစားချက်တွေကိုမဖိနှိပ်နိုင်တော့ချေ။

သူ သီချင်းဆိုတာကို ထပ်ခါထပ်ခါပိုပိုကောင်းအောင်လုပ်ပြပြီး စင်ပေါ်မှာ အရမ်းကောင်းမွန်တဲ့ပုံရိပ်ကိုချိန်ထားခဲ့ချင်သည်။

ချီချန်အန်းကသူ့ရဲ့ရင်ခုန်သံတွေကို ကြားသွားမလားဆိုတာတော့ သူမသိတော့ချေ။အခု ချီချန်အန်းကသူ့ရဲ့အတွေးတွေကို သိသွားစေချင်တဲ့စိတ်ရယ် မသိစေချင်တဲ့စိတ်ရယ်ကြားထဲမှာ လွန်ဆွဲနေမိသည်။

ဘာတွေပဲဖြစ်ဖြစ် သူ့မှာဖြေရှင်းနိုင်တဲ့အကြောင်းပြချက်ကောင်းကောင်းရှိသည်။

အဲ့ဒီစကားတွေကို သူ့ရဲ့အမာခံပရိသတ်တွေနဲ့ သီချင်းရဲ့ပရိတ်သတ်တွေအတွက်ပြောတာ လို့ပြောရင် အဓိပ္ပါယ်ရှိတယ်မဟုတ်လား။

ဟုတ်တယ် အဓိပ္ပာယ်ရှိတယ်...

"အားလုံးလဲ ခုချိန်မှာ ပင်ပန်းနေကြမယ်လို့ထင်တယ်၊အားလုံးအတူတူ မိနစ်နည်းနည်းလောက်နားကြမလား"

ထို့နောက် ရွှီးလော့ယန်က ရှက်ရွံ့စွာပြုံးလိုက်ပြီး "အခုလေးတင်ကျွန်တော်ဆိုနေတုန်းမှာ လှုံ့ဆော်မှုတစ်ခုဖြစ်သွားပြီး သံစဥ်တစ်ခု ခေါင်းထဲမှာပေါ်လာတယ် အဲ့ဒါကို မင်းတို့အတွက်ဆိုပြပေးရမလား"

သူပြောလိုက််ဆိုရင်ပဲ စင်မြင့်တစ်ခုလုံးကို ခပ်ဖွဖွအလင်းရောင်က ဖြန့်ကျက်သွားပြီး ရွှီလော့ယန်ရဲ့ ဦးခေါင်းထိပ်ကနေ အလင်းတစ်​​ဖျောက်လင်းလာပြီး သူရပ်နေသည့်စင်အလယ်တည့်တည့်တွင်သာအလင်းရောင်ကောင်းစွာရလေ၏။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now