"ဟင့်!"
ရွှေရောင် အကို့ကို ကျောပေးထားကာ ရှိုက်သံတစ်ချို့ကထွက်လာခဲ့သည်။
ဒီတစ်ခါလဲ ရှုံးပြီနဲ့တူပါရဲ့။
ဒီလူဆီမှာပဲ အဖန်ဖန်အခါခါကို ရှုံးနိမ့်နေတော့တာပါပဲလား။
ချစ်တဲ့စိတ်တွေကို အကြိမ်ကြိမ် ရပ်တန့်ပစ်ဖို့ကြိုးစားရင်းနဲ့ကို အကြိမ်ကြိမ် ငြိတွယ်မိနေပြန်ပြီ။ကြည့်ရတာ အကိုနဲ့ပတ်သတ်ပြီး စိတ်နာတတ်တဲ့ နှလုံးသားတစ်စုံ မပါလာဘူးထင်ပါရဲ့။
>>>>>>>>>>>>>
"ရှင်မ...."
"........"
အိမ်ရှေ့ကွတ်ပစ်တွင်ထိုင်နေသော ဇနီးသည်ကို ဦးငြိမ့်မောင် ရွာထဲက ပြန်လာလာချင်း လှမ်းခေါ်လိုက်ပေဲ့ ဇနီးသည်က အဖြေစကားပြန်မလာပဲ ငူမိုင်စွာထိုင်နေဆဲ။ဒေါ်နှောင်းစိန်သည် နှောင်းငြိမ့်လေး ထွက်သွားကတည်းက အရင်လို အပြုံးအရယ်ရှားပါးသွားသလို သား၏သူငယ်ချင်း၂ယောက်ဖြစ်သည့် လရောင်နှင့် ဇာခြည်သည်လည်း သားရှိတုန်းကလို ဆော့ကစားခြင်း မရှိတော့ပဲ ရွာထဲမှာတောင် မြင်ရတွေ့ရရှားပါးသွားခဲ့သည်။
"သားကို လွမ်းနေပြန်ပြီလား"
"လွမ်းတာပေါ့ရှင်....ကျုပ်မှာ ဒီသားလေးတစ်ယောက်ပဲ ရှိတာကို လွမ်းတာပေါ့"
"......."
"အခုဆို ကျုပ်တို့သားလေး အဆင်ရောပြေပါ့မလား ဖေကြီးရယ်...."
"ပြေပါတယ်ရှင်မရဲ့။မနေ့ကလေးတင် တော်၀င်မောင် ငါ့ကို ဖုန်းဆက်တယ်။အဲ့တုန်းက မင်းကလဲ ဘုရား၀တ်ပြုနေတာဆိုတော့ ငါလဲပြောဖို့မေ့သွားတာ"
"ဟင်....အ့ဆိုပြောပါအုံး။ကျုပ်တို့သားလေး အစစအရာရာအဆင်ပြေတယ်မလား"
"ကိုယ်တွေသားက ကောလိပ်တတ်နေပြီတဲ့"
"......."
"ပြီးတော့ အပို့အကြိုကိုလဲ သူ့သားလေး မင်းတော်၀င်မှိုင်းကို လုပ်ခိုင်းထားတယ်တဲ့"
"ဟုတ်လား။အင်း....အဲ့တာကြားမှပဲ စိတ်ကို နည်းနည်းဖြေရတော့တယ် ဖေကြီးရယ်"
"မင်းလဲ အရင်လိုပျော်ပျော်နေစမ်းပါကွာ။မင်းကိုအခုလိုမြင်ရတော့ ငါလဲ မပျော်ဖူး နှောင်းစိန်"
Part-11
Começar do início