" ဒါများအမေရယ် အမေသူငယ်ချင်း သမီးတွေနဲ့ အိမ်ထောက်ဖက်တွေ့ခိုင်းလိုက်ပေါ့ဘယ်ပြောရမလည်းအကြိုက်ပြောင်းသွားနိုင်တာပဲ "

" အေး သားလတ်ပြောတာဟုတ်သား "

အောက်မှာတော့ သူတို့ဘာသာအစီအစဥ်တွေချနေကြပေမယ့် အပေါ်ကတယောက်ကတော့အဝတ်အစားတောင်မလဲနိုင် အိပ်ယာပေါ် မှောက်လျက်ကြီးလှဲချကာ မျက်လုံးအဝိုင်းသားလေးနဲ့တနေရာထဲကိုစိုက်ကြည့်နေတာ အသေမျက်လုံးကြီးတွေလို..

Jungkook pov : ဆွဲလန်းမိတဲ့ မျက်ဝန်းညိုလေးက ပဟေဋိတွေအဲ့လောက်များမှန်းမသိခဲ့ဘူး အဲ့အဖြေကိုငါဖြေရှင်းနိုင်ပါ့မလား Taehyung ရယ်..

ဟူးးးးးး

မှောက်လျက်ကနေပက်လက်ကြီးလှန်လို့ မျက်နှာကျပ်ကိုကြည့်ရင်း လေပူတချက်မှုတ်ထုတ်လိုက်မိတော့သည်...ထိုညကအတွေးတွေနဲ့ ဘယ်ချိန်အိပ်ပျော်သွားမှန်းမသိ Jungkook မနက်လင်းလာနော့ ညကအဝတ်အစားတောင်မလဲနိုင်အိပ်ပျော်သွားသည်ကိုသိတော့သည်..

" သားမနက်စာစားရအောင် "

" သားမစားတော့ဘူးအမေ "

" မစားလည်းပြောစရာရှိလို့လာထိုင်အုံး."

Jungkook အမေခေါ်လို့သာစားပွဲမှာထိုင်နေတာ စိတ်က ကြက်ကြော်ဆိုင်မှာရောက်နေပြီ သူ့တွေ့ချင်တာ Taeri မဟုတ် Taehyung ဆိုတာသူတညလုံးစဥ်းစားရင်းအဖြေထွက်လာခဲ့သည်..

" သား အမေသူငယ်ချင်း သမီးတွေနဲ့ Date ကြည့်ဖို့အမေစီစဥ်ထားတယ် "

" သားမတွေ့ချင်ဘူးအမေ "

" သားမင်းအရွယ်ကချစ်သူရည်းစားထားလို့ရပြီလေ သဘောကျတာလေးတွေ့ရင်လက်ထက်လို့ပါရနေပြီ "

" ကိုကြီးနဲ့ကိုလတ်ကရော ဘုန်းကြီးဝတ်မှာမို့လို့လားအမေ သူတို့နှစ်ယောက်ကိုအရင်ပေးတွေ့လိုက်ပါလားအမေရယ် "

" မင်းအကိုတွေကအလုပ်နဲ့ ယူထားကြတာလေ မင်းတယောက်ပဲအချစ်ကိုစိတ်ဝင်စားနေတာ "

" အချစ်ကိုစိတ်ဝင်စားတာက အမေသူငယ်ချင်းသမီးတွေနဲ့တွေ့ဖို့မဟုတ်ဘူး တခါထဲအမေရှင်းအောင်ပြောရရင် သား မိန်းကလေးတွေသဘောမကျဘူး "

𝙾𝚗𝚕𝚢 𝚄 Where stories live. Discover now