...Description...

10 2 0
                                    

Smart Gong X  Dumb Shou.

Smart,who always pretend like dumb.

Dumb,who always pretend like smart.

🐾🐾🐾🐾🐾🐾🐾🐾🐾🐾

Gong-(刘动心)Liu Dong Xin

刘(Liu)က စီးဆင်းသည်ဆိုတဲ့Liuနဲ့အသံထွက်တူပြီး dong xinကခံစားချက်ပါ။

{စီးဆင်းနေသောခံစားချက်}

Shou-(唐春梦)Tang Chun Meng

唐(Tang) ကချိုမြိန်သောနှင့်အသံထွက်တူပြီး Chun meng ကနွေဦးအိမ်မက်လို့အဓိပ္ပာယ်ရပါတယ်။

{ချိုမြိန်သောနွေဦးအိမ်မက်}

🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾....

ချိုမြိန်တဲ့နွေဦးအိမ်မက်လေးဟာ ပေါပေါပဲပဲသေဆုံးပြီးနောက် အခြားကမ္ဘာမှာ ဆက်လက်ရှင်သန်ဖို့အခွင့်အရေးရလာတယ်။

အိမ်း။

အလကားတော့ဘယ်ဟုတ်ပါ့မလဲ။

ကူးပြောင်းသွားတဲ့ကမ္ဘာက ဝတ္ထုဆန်၊ဒရမ်မာဆန်ပြီး စိတ်ရှုပ်ဖို့ကောင်းတယ်။နောက်ပြီး သူကူးပြောင်းသွားတဲ့ဇာတ်ကောင်ဟာ မူရင်းအချက်အလက်အရ ကူးပြောင်းပြီးပြီးချင်း ရှင်သန်ချိန် ငါးရက်ပဲကျန်ရှိတော့တာမျိုးဖြစ်တယ်။

ချိုမြိန်တဲ့နွေဦးအိမ်မက်လေးဟာ ထိုကန့်သတ်ချိန်အတွင်း မသေဖို့နဲ့အသက်မခံရဖို့အတွက် အစွမ်းကုန်ကြိုးစားသွားရလိမ့်မယ်။

အသက်ပြည့်အထိရှင်သန်နိုင်ဖို့အတွက် အမြဲကြိုးစားနေရမယ်!!!

🐾🐾🐾🐾🐾🐾🐾🐾🐾

ဦးနှောက်တွင်းအချက်အလက်စုံရရှိပြီးနောက်။

သေဆုံးခြင်းအကြောင်းအရာ-

မူလဇာတ်ကောင်ဟာ ဇာတ်လိုက်မရဲ့ငါးလခြားမောင်လေးဖြစ်ပြီး အမဖြစ်သူကိုအမြဲမနာလိုမုန်းတီးနေသူဖြစ်တယ်။

တစ်ခုသောညရဲ့ အမဖြစ်သူမွေးနေ့ပွဲမှာ အခန်းဖော်သူငယ်ချင်းတွေက ဇာတ်လိုက်နဲ့အမဖြစ်သူတို့ကိုအမြန်ဒိတ်လိုက်ဖို့ အားပေးအားမြောက်တိုက်တွန်းနေကြတာ။ဒါပေါ့၊အဲ့ထဲမှာသူမပါဘူး။

သူက အမဖြစ်သူကိုမနာလိုမုန်းတီးနေသူပီပီ အမဖြစ်သူရဲ့ငယ်ဘဝကအိပ်ယာထဲသေးပေါက်ချတာကအစ အိမ်မှာငပျင်းအိုးမဖြစ်တဲ့အကြောင်းတွေကို ပါ အာပေါင်အာရင်းသန်သန်နဲ့ ဖော်ကောင်လုပ်ချလိုက်တယ်။

ပြီးတဲ့နောက်တော့ ငိုနေတဲ့အမဖြစ်သူကိုကြည့်ရင်း ကျေနပ်အားရစွာပြုံးလိုက်ပြီး ဝိုင်ပုလင်းနဲ့ဘဲပေါင်ကိုဆွဲကာအခန်းတံခါးကို'ဘန်း'ခနံမြည်အောင်ဆောင့်ပိတ်ချလိုက်ပြီး မြောက်ကြွမြောက်ကြွနဲ့
ထွက်သွားတော့တယ်။

နောက်တစ်နေ့မနက်မှာတော့ ကျောင်းဖိုရမ်ရဲ့ထိပ်စီးစာမျက်နှာမှာ လူတစ်ယောက်ဆံပင်အချောင်းလိုက်ဓာတ်လိုက်နေတဲ့ပုံနဲ့ (ကျောင်း၏ချိုမြိန်သောနွေဦးအိမ်မက်လေး ကံကောင်းအကြောင်းလှစွာဖြင့် အခန်းတွင်းဓာတ်လိုက်၍သေဆုံး)ဟူသည့် ကပ်ရှင်လှလှလေးဖြင့်ဇာတ်သိမ်းသွားခဲ့သည်။

အိမ်း၊ အတန်းဖော်တွေကငါ့အပေါ်အတော်ကြည်ဖြူကြပုံပဲ။

တကယ်တော့ ဓာတ်လိုက်သေဆုံးတာလား?

ဒါမှမဟုတ် ဟိုစိတ္တဇ‌ဇာတ်လိုက်ကောင်ရဲ့လျှပ်စစ်ရှော့ရိုက်ခံရပြီးသေသွားတာလား?

စဉ်းစားစရာပဲ!

ကူးပြောင်းလာပြီးနောက်နွေဦီးအိမ်မက်လေးဟာ ရှင်သန်ဖို့အတွက် ဇာတ်လိုက်မ (သို့) ဇာတ်လိုက်‌ပေါင်ကိုမဖက်ဘဲ ဇာတ်အိမ်ထဲကနေအပြီးပိုင်ထွက်သွားဖို့ ကျောင်းပါပြောင်းလိုက်တယ်။

ဒါပေမယ့် ကျောင်းအသွားအပြန်တိုင်းဇာတ်လိုက်မကိုပိုးပန်း‌နေရမယ့်ဇာတ်လိုက်က ဘာလို့ဒီမှာရှိနေတာလဲ?

ငါကျောင်းပြောင်းတိုင်း သူလိုက်လာပြီး!

ငါမြို့ပြောင်းတိုင်းလည်းသူလိုက်လာတယ်!

အား....ကယ်ကြပါဦး!!!

ငါဘာအမှားမှမလုပ်ထားဘူးလေ!

ဘာ...ဘာလို့လဲ!?

မင်းသတ်ဖို့လိုက်လာပြန်ပြီလား!!!

🕸️🕸️.

မင်းကငါ့အချစ်တွေကိုမမြင်သလို ငါကလည်းသူ့အချစ်တွေကိုမမြင်ဘူးWhere stories live. Discover now