အပိုင်း(၅)

92 8 2
                                    

"မေမေ သမီးပြန်ရောက်ပြီ"

ဝသုန် ကျောင်းကအပြန် အပြင်သွားလည်ပြီးအိမ်ပြန်ရောက်ရောက်ချင်းမေမေ့ကိုခေါ်ကြည့်ရာ ထူးသံမကြားရ၍အိမ်ပေါ်တတ်လာခဲ့ရသည်။တွေ့ပါပြီ မေမေကအိပ်ခန်းထဲတွင် ဝင်ပေါက်ကိုကျောပေးကာထိုင်နေလေရဲ့...နောက်ပြီးမေမေ့ဘေးကကျောပြင်တစ်ခုကကော ထိုကျောပြင်လေးကိုဘာလို့သိပ်ရင်းနှီးသလိုခံစားနေရတာပါလိမ့် ဝသုန်စဉ်းစားမရသေးခင်အချိန်အတွင်းမေမေ့ထံမှစကားတစ်ခွန်းထွက်လာခဲ့သဖြင့် အတွေးတွေအကုန်လွင့်စင်ကုန်ရသည်။

"သူ အဲ့မှာအဆင်ပြေရဲ့လား"

သူ?မေမေပြောတဲ့သူဆိုတာဘယ်သူများလဲ မေမေမှာဝသုန့်ကိုဖွင့်မပြောနိုင်တဲ့ အကြောင်းအရာတွေများရှိနေမလား။

"‌အွန်း...ပြေပါတယ် မမငြိမ်း"

တစ်ဖက်လူ၏ပြန်ဖြေသည့်ထိုအသံကို ဝသုန်သိသလိုခံစားမိသည်။'မ'အသံနဲ့တော်တော်တူတာပဲ ဒါပေမဲ့မေမေနဲ့ မကဘယ်လိုသိမှာလဲ။ဝသုန်အတွေးပင်မဆုံးလိုက် သူမဘက်လှည့်ကြလာကြတဲ့သူနှစ်ယောက် မေမေနဲ့ နောက်တစ်ယောက်က မ။

"သမီး ဘယ်တုန်းကတည်းကပြန်ရောက်နေတာလဲ"

မေမေ့၏မျက်ဝန်းများတွင် ထိတ်လန့်နေသည့်အရိပ်အယောင်‌အနည်းငယ်‌မြင်တွေ့နေရသည်။ခဏက သူ ဆိုတဲ့တစ်ယောက်ယောက်အကြောင်းကြားမှာမှာစိုးလို့ထင်တယ်။

"အခုမှပြန်ရောက်တာ မေမေ"

ဝသုန် မ ဘက်ကိုလှည့်ကြည့်မိရာ အံ့အားသင့်နေသည့်လူသဖွယ်။

"မွှေး ဒါကမမငြိမ်းရဲ့သမီးလေး နှင်းဦးဝသုန်တဲ့"

"မွှေးသိတယ်မမငြိမ်း မွှေးအတန်းထဲက ကလေး"

ယခုအခါတွင်တော့မေမေအံ့ဩရသည့်အလှည့်ပင်။

"ဟယ်...ဟုတ်လား ကောင်းတာပေါ့မွှေးရဲ့ သမီးကနည်းနည်းဆိုးတော့မွှေးကိုအပ်ပါတယ်ကွယ်"

"ဟာ.....မေမေနော်"

မေမေကတော့ မ အရှေ့မှာဝသုန့်မကောင်းကြောင်းတွေဖောက်သည်ချတော့မည် မကလည်းဘေးမှရီနေလေသည်။

"မွှေး စောင့်ရှောက်ပေးလိုက်ပါ့မယ်မမငြိမ်း"

‌စောင့်ရှောက်မယ်ဆိုတော့ မကြာမကြာတွေ့ရမယ့်ပုံပဲ ဝသုန်ဖြင့်ဝမ်းသာလိုက်တာမှမပြောလေနဲ့။

Impossible love 💗Where stories live. Discover now