စာသင်နေသည့်အချိန်ဇွန်ပန်း၏အမေးကြောင့် ဇွန်ပန်းဘက်လှည့်ကာဖြင့်
"ရှိတယ် ခဏလေး"
ဝသုန်လွယ်အိတ်ထဲလက်တစ်ဖက်သွင်းလိုက်တော့ တစ်စုံတစ်ခုကိုဦးစွာစမ်းမိလိုက်လေသည်။အာ....မရဲ့အင်္ကျီပဲ ခဏနေ နားနေခန်းထဲသွားပို့ရင်းမှပေးလိုက်တော့မယ်လေ။
"ဒီမှာ...ရော့"
"ကျေးဇူးဝသုန်"
"ဒီနေ့တော့ဒီလောက်ပါပဲ တီချယ်သင်ထားတဲ့စာတွေကိုသေချာလိုက်လုပ်ဖို့မျှော်လင့်ပါတယ်"
စာသင်ပြီးသွားတော့အားလုံးမတ်တပ်ရပ်လျက်
"မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ"
ဝသုန် ဟိုသူငယ်ချင်းနှစ်ယောက် မဟုတ်တော့ဘဲချစ်သူပူနွေးနွေးလေးနှစ်ယောက်ကိုကြည့်လိုက်ကာ
"ငါဆရာမကိုသွားပို့လိုက်ဦးမယ်"
"နင်က?ထူးထူးဆန်းဆန်းတွေ"
ကလျာပြောတာလည်းမမှား ဝသုန်အရင်သို့ထိုသို့လုပ်ဖို့နေနေသာသာ တစ်နှစ်ပြီးတစ်နှစ်သာပြောင်းသွားတယ် ဆရာမနာမည်ပင်မမှတ်မိ။
"ပြန်ပေးစရာရှိလို့"
ထိုသို့ဆိုရင်းအင်္ကျီကိုထောင်ပြတော့ပါးစပ်အဟောင်းသားတွေဖြင့်။ယင်ကောင် ဝင်အောင်းသွားမှခက်နေပြန်မယ်။
"အဲ့ဆို...."
"နောက်မှပြောတော့မယ် သွားပြီ"
ဝသုန်စကားမြန်မြန်ဖြတ်ပြီးအင်္ကျီကိုကိုင်၍ မ နောက်မှီအောင်ပြေးလိုက်လေသည်။
××××××××××××××××
"ဆရာမ"မွှေး ခေါ်သံကြားတော့အနောက်လှည့်မိရာ ဟိုကလေးမလေး။
"ကလေး ဘာလဲဟင်"
ဝသုန် မရဲ့ အသံချိုချိုလေးကြားရတော့ပြောစရာစကားလုံးတွေတောင်ဘယ်ကိုပျောက်လို့ပျောက်ကုန်မှန်းမသိ။
"ဆရာမကိုလိုက်ပို့ပေးမလို့ ပြီးတော့ဟိုလေ....ဟို...အင်္ကျီ"
တုန်တုန်ယင်ယင်ဖြင့်ပြောပြီး မွှေးလက်ထဲကိုအဝတ်ထုတ်ကလေးထည့်ပေးသည့်ကလေးမလေးရယ်ပါ။မွှေးတော့ချစ်စရာကောင်းတဲ့ထိုကောင်မလေးအားညီမလေး တစ်ယောက်လိုချစ်နေမိပြီ။
"ရပါတယ် အရေးမကြီးပါဘူးအဲ့တာက တို့ကိုအခုလိုက်ပို့မလို့မဟုတ်လား ရော့.."
ဝသုန့်လက်ထဲသူမရဲ့စာအုပ်တွေလက်လွှဲယူစေပြီး အရှေ့မှကျော့ကျော့မော့မော့လေးလမ်းလျှောက်သွားလေတဲ့သူမ။မဟာဆန်တယ်ဆိုတာသူ့ကိုမှမပြောလျှင်ဘယ်သူ့ကိုပြောရမည်နည်း။
"ဟေ့ ကလေး....ကျော်ကုန်ပြီလေ"
ဝသုန် မကိုနောက်မှကြည့်ပြီးအတွေးလွန်သွား၍နားနေခန်းကျော်သွားတော့ အသံကျယ်ကျယ်လေးသုံးကာလှမ်းသတိပေးတဲ့မ။အသံကျယ်တယ်ဆိုသော်လည်း နားထောင်လို့အလွန်ကောင်းနေသည်။
"ဟီး....ဝသုန်အတွေးလွန်သွားလို့ဆရာမ"
ပြုံးပြီးပြောနေသော မွှေးအရှေ့မှကောင်မလေး၏ဆံနွယ်ရှည်တို့ကိုပွတ်သပ်ပေးလိုက်မိသည်။ဝသုန်ဘဝတွင်မေမေသည်သာသူမဆံပင်ကိုကိုင်၍ရသောတစ်ဦးတည်းသောသူဖြစ်သည် အဘယ်ကြောင့်ဆိုသော်ဝသုန်သည်ဆံပင်နှင့်ပတ်သက်လျှင်ဆက်ဆက်ထိမခံ။သူငယ်ချင်းအရင်းများပင် ထိခွင့်မပေး အခုတော့ထိခွင့်ရှိသည့်လူနောက်တစ်ယောက်ထပ်တိုးလာလေပြီ ထိုလူကတော့ မ ပင်။
"နောက်တစ်ချိန်စတော့မယ် သွားတော့ကွယ်နော်"
"ဟုတ်ကဲ့ ဝသုန့်ကိုသွားခွင့်ပြုပါဦး"
"အွန်း....စာကြိုးစားနော်"
"ဟုတ်ကဲ့ဆရာမ"
မရဲ့ထိုစကားလေးတစ်ခွန်းဖြင့်တင် ဝသုန်အတွက်တစ်နေ့တာဖြတ်သန်းဖို့ခွန်အားတိုးလာသလိုပင်။ဝသုန် မ ကိုတခြားသူများကဲ့သို့တီချယ်ဟုမခေါ်ချင်ပါ။ဆရာမ ဆိုသည်ဖြင့်သာနန်းဆန်သည့်သူမနှင့်ပို၍လိုက်ဖက်သည်ဟုဝသုန်ထင်မြင်မိသည်။ဒီလိုနဲ့ဝသုန်အတန်းထဲရောက်လာတော့နောက်ဘာသာရပ်ဆရာမ မရောက်သေးပေ။
"ဟဲ့ အဲ့တာဆိုဟိုနေ့က နင်ပြောတဲ့သူကတီချယ်ပေါ့"
အတန်းထဲပြန်ရောက်ရောက်ချင်းမေးလာတဲ့သူမသူငယ်ချင်းလေးဇွန်ပန်းနဲ့ကလျာ။သိချင်ရင်တော့တက်ကြွနေလိုက်ကြတာများ။
"အေး ဟုတ်တယ်"
"တိုက်ဆိုင်လိုက်တာနော်"
ကလျာပြောခဲ့သည့်စကားကြောင့် ဝသုန်အတွေးတွေပြန်များလာရသည်။ဟုတ်သား......မနဲ့သူနဲ့တွေ့တာတော်တော်ကိုတိုက်ဆိုင်လွန်းတာပ။ပထမဆုံးတွေ့တာက ကော်ဖီဆိုင်မှာ အခုတစ်ခေါက်က ဆရာမအဖြစ်နဲ့။ကံကြမ္မာဆိုးတွေလည်းသူမတို့နှစ်ဦးကြားတိုက်ဆိုင်စွာမဝင်ရောက်လာဖို့တော့မျှော်လင့်မိပါရဲ့။ဝသုန်ရဲ့ဆုတောင်းတွေက တစ်ကယ်ဖြစ်လာနိုင်ပါမလား.......
×××××××××××××××××
YOU ARE READING
Impossible love 💗
Romanceမကြိုးစားကြည့်ပဲမဖြစ်နိုင်တာမရှိဘူး မဖြစ်ချင်တာပဲရှိတယ် #နာမည်တူပါသွားရင်ခွင့်လွှတ်ပေးကြပါနော် ဒုတိယမြောက်ဖန်တီးထားတဲ့ficလေးပါ
အပိုင်း(၄)
Start from the beginning