အပိုင်း ၂ : အခြေအနေ

10 0 0
                                    


တောက်! တောက်!တောက်!

သူ့အား ကြိုဆိုနေသည့် မြင်ကွင်းကြောင့် လန့်ဖြန့်သွားကာ ကျိုးမင်ရွေ့ အနောက်သို့ ယိုင်နဲ့သွားသည်။ အဝတ်လဲမှန်ထဲရှိလူမှာ သူကိုယ်တိုင်မဟုတ်ဘဲ ခြောက်သွေ့နေသည့် အလောင်းကောင်တစ်ခုနှယ်။

ဒီလောက်အခြေအနေဆိုးတဲ့ဒဏ်ရာတွေနဲ့လူက ဘယ်လိုလုပ်အသက်ရှင်နေနိုင်သေးတာလဲ?

သူမယုံကြည်နိုင်စွာဖြင့်ပင် ခေါင်းကိုတစ်ဖက်လှည့်ကာ အခြားဖက်အခြေအနေအားစစ်ကြည့်လိုက်သည်။ သူ့အတွက် အတန်ငယ်ဝေးနေပြီး အလင်းရောင်ကစုတ်ချာနေသော်ငြား ထွင်းပေါက်နေသည့်ဒဏ်ရာနှင့် အနီရင့်ရောင်သွေးစွန်းများအား သူမြင်နေရပါ၏။

"ဒါ..."

ကျိုးမင်ရွေ့ သူ့ကိုယ်သူ စိတ်ငြိမ်အောင်ကြိုးစားရင်း အသက်ပြင်းပြင်းရှူမိသည်။

သူ့ဘယ်ဖက်ရင်ဘတ်ကို လက်နှင့်လှမ်းဖိကာ အသက်စွမ်းအင်အပြည့်နှင့် ခုန်နေသောနှလုံးအားစမ်းကြည့်လိုက်သည်။

ထို့နောက် သူ၏လှစ်ပေါ်နေသောအသားတို့အား ထိကြည့်သည်။ ဖျော့တော့သောအေးစက်မှုအောက်တွင် စီးဆင်းနေသည့် နွေးထွေးမှုရှိနေသည်။

ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့ဒူးများကို ကွေးလို့ရကြောင်းအတည်ပြုပြီးသွားသောအခါ ကျိုးမင်ရွေ့ စိတ်တည်ငြိမ်သွားပြီး ပြန်ထလိုက်သည်။

"ဘာဖြစ်နေတာလဲ?" မျက်မှောင်ကြုတ်ရင်း သူရေရွတ်မိသည်။ သူ၏ဦးခေါင်းဒဏ်ရာအား တစ်ဖန်လေးလေးနက်နက်စစ်ဆေးကြည့်ရန် သူကြံရွယ်လိုက်သည်။

ရှေ့သို့ခြေနှစ်လှမ်းလှမ်းပြီးသွားပြီးနောက် သူရုတ်တရက်ရပ်လိုက်မိသည်။ သွေးနီရောင်လမှ လရောင်သည်အတန်အရောင်ရင့်လေရာ သူ၏ 'လေးလေးနက်နက်စစ်ဆေးခြင်း' အမှုတွက် မလုံလောက်ပေ။

ကျိုးမင်‌ရွေ့ ခေါင်းကိုလှည့်ပြီး စာကြည့်စားပွဲဘေးနံရံပေါ်ရှိ မီးခိုးဖြူရောင်ပိုင်းလိုင်းများနှင့် သတ္တုကွက်ဖုံးထားသောမီးအိမ်ကို ကြည့်မိလိုက်သည်နှင့် မှတ်ဉာဏ်အပိုင်းအစတစ်ခုက တိုးဝင်လာခဲ့သည်။

Lord of the Mysteries[Myanmar Translation]Where stories live. Discover now