"ဒါ..ဒါတွေက ဘာတွေလဲ "

"နှိုင်းအက္ခယှဥ်နဲ့သူ့ချစ်သူရဲ့ပုံတွေလေ ဒေါ်ဝင့်နေချီ"

"ဟင်...ဒါ ဒါဆို..."

"ဟုတ်တယ် နှိုင်းအက္ခက ယောကျာ်းလေးတစ်ယောက်နဲ့ချစ်သူဖြစ်နေတာ "

မယုံနိုင်လွန်းတာကြောင့် ပစ်ချခဲ့သည့်ဓာတ်ပုံများကိုပြန်ယူကြည့်တော့ တကယ်ကြီး နှိုင်းအက္ခ၏ပုံများဖြစ်နေလေ၏။ထို့အပြင် ဒေါ်ဝင့်နေချီသည် နှိုင်းအက္ခ၏ချစ်သူကို တစ်နေရာမှာ ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုရှိနေသည်။

"နှိုင်းရဲ့ကောင်လေးက ဘယ်သူလဲ၊ဘယ်ကလဲ "

"အဘိဓာန်မိုးလို့တော့ခေါ်တယ် ကျောင်းဆရာ၊ရန်ကုန်ဇာတိကဘဲ "

"အဘိဓာန်မိုး..."

ဒီနာမည်ကိုလည်း ဒေါ်ဝင့်နေချီတစ်ယောက် ရင်းရင်းနှီးနှီးကြားဖူးနေပါသည်။

နှိုင်းထက် နှိုင်းရဲ့ချစ်သူပုံအပေါ်မှာကိုသာ ဒေါ်ဝင့်နေချီ အာရုံစိုက်ထားနေမိသည်။ဓာတ်ပုံတစ်ခုပြီးတစ်ခု သေချာကြည့်နေရင်းနဲ့မှ ဒေါ်ဝင့်နေချီတစ်ယောက် ဒီကောင်လေးဘယ်သူဆိုတာကို ခန့်မှန်းလာနိုင်၏။

"အ...အဘိဓာန်မိုး!မိုးလား...စစ်ချီရဲဲ့..."

ဒေါ်ဝင့်နေချီကိုယ်တိုင်ဖြတ်ခဲ့တဲ့ သားဖြစ်သူရဲ့အဆက်ဟောင်းမို့ သေချာအောင်ပြောနိုင်သည်။

အစပိုင်းထိတ်လန့်သွားခဲ့ရပေမဲ့လည်း သေချာလေးစဥ်းစားကြည့်လျှင် ဒါက ဒေါ်ဝင့်နေချီတို့အတွက် ကောင်းကွက်တစ်ခုဖြစ်သည်ဟုထင်မိသည်။ဂုဏ်သိက္ခာနဲ့ပတ်သတ်ပြီး ဘုရားတစ်ဆူလိုကိုးကွယ်တတ်တဲ့ ဦးသုတသာ သူ့သားဖြစ်သူရဲ့ဘဝမှန်ကိုသိခဲ့ရင် ကျိန်းသေခွင့်လွှတ်ပေးမည်မဟုတ်။

တစ်လျှောက်လုံး နှိုင်းအက္ခယှဥ်ကိုဘယ်လိုနည်းနဲ့အနိုင်ယူရမလဲမသိခဲ့လို့ စိတ်အားငယ်ပြီးကြောက်ခဲ့ရတဲ့နေ့တွေကို ဖြတ်သန်းနိုင်တော့မည်ကိုစဥ်းစားမိလျှင် ဒေါ်ဝင့်နေချီတစ်ယောက် မပျော်ရွှင်ဘဲမနေနိုင်အောင်ဖြစ်ရပါသည်။

"နှိုင်းအက္ခ မကြာတော့ပါဘူး၊ညည်း ငါတို့မိသားစုအနားကနေ ကိုယ့်သဘောနဲ့ကိုယ်ထွက်သွားစေရမယ်"

Change For You( သူ့အတွက်သာလျှင်)(U+Z)Nơi câu chuyện tồn tại. Hãy khám phá bây giờ