ဒါပေမယ့်လဲ မွန်ဟန်းမှာ ခရီးတစ်ထောက်သာမနားလျှင် အချိန် စောင်းတော့မည်။ယခုပင် အချိန်က ညနေစောင်းရောက်လုလုဖြစ်နေပြီ။

ဘုရားကျောင်းဝင်းအတွင်း ကြုံရာနေရာ၌ ထိုင်ကာ ဖြစ်သလိုပင် အစာစားသောက်နေကြသည့်စစ်သားတွေကို ဂျောင်ဂုလှည့်ပတ်ကြည့်ရှုနေသည်။တစ်ချို့ကတော့ အရိပ်ရပင်များအောက်၌ အိပ်စက်နေကြ၏။ ညကူးသည်နှင့် မွန်ဟန်းမှညလုံးပေါက်ခရီးနှင်ရန် အားမွေးကာအနားယူနေကြခြင်းပင်။

"အားလုံးပဲ ဒီမှာ အဆာပြေစားဖို့ သစ်တော်သီးတွေလာယူကြပါ..."

"သစ်တော်သီးတွေလာယူပါ"

တပ်သားနှစ်ယောက်ရဲ့ဆော်ဩသံကျယ်ကျယ်က တိတ်ဆိတ်သည့်ကျောင်ဝင်း၌ ချိန်ကိုက်ထားခြင်းမရှိထွက်‌ပေါ်လာသည်။ဂျောင်ဂုအကြည့်ရောက်သွားလေတော့ လှည်းငါးစီးဖြင့်တိုက်လာသည့် သစ်တော်သီးများ။ မွန်ဟန်းက ဆယ့်နှစ်လရာသီ သစ်တော်သီးနယ်မြေလဲဖြစ်နေသေးတာပဲ။

"တော်ဝင်စစ်တပ်ရောက်နေတယ်ဆိုလို့ အရပ်သားတွေက သစ်တော်သီးတွေခူးပြီးပေးလိုက်ပုံပါပဲအရှင်ဂျွန်..."

သူ့နဲ့အတူရှိနေသည့် စစ်သူကြီးကင်မ်က အနောက်ပါးမှဝင်ပြောသည်။ စစ်သူကြီးကင်မ်နဲ့သူက မရင်းနှီးဘူးလို့ထင်ရပေမယ့် စစ်မြေပြင်မှာတော့ ငယ်ပေါင်းကြီးဖော်တွေ။

"အရှင်ဂျွန်အတွက်တစ်လုံးလောက်သွားယူပေးပါ့မယ်...မွန်ဟန်းသစ်တော်သီးက လတ်လတ်ဆတ်ဆတ်စားရခဲတယ်..."

စစ်သူကြီးကင်မ်က တက်တက်ကြွကြွပင်ပြောကာ ထိုနေရာသို့ အပြေးသွားလိုက်သည်။

သစ်တော်ပင်များ၊ ပန်းသီးပင်များ၊မက်မွန်ပင်၊မက်မန်းပင်များဖြင့် ပြည့်နှက်နေသည့် ကျောင်းဝန်းအားဝေ့ဝဲကြည့်နေလိုက်၏။

ရာသီဟာ မက်မန်းပွင့်ချိန်၊မက်မွန်ပွင့်ချိန်၊ ချယ်ရီပွင့်ချိန်မို့ ငြိမ်းချမ်းနယ်မြေဆိုသည့်ဂုဏ်ပုဒ်နှင့်လိုက်ဖက်ညီစွာ မွန်ဟန်း၏နေရာတိုင်းက လှပအေးချမ်းလွန်းလှသည်။ ဒီလိုလှပတဲ့ရာသီအချိန်အခါမှာ အကျည်းတန်ရုပ်ဆိုးတဲ့စစ်ပွဲဆိုတာကြီးက ဘယ်သူ့ပယောဂကြောင့်ပေါ်လာရပါသနည်း။

The Love Sleeping Under The Moonlight Onde histórias criam vida. Descubra agora