"အင် ခြံအမည်ပေါက်က မေသင်းကြိုင် နာမည်နဲ့ ရေးထားတာပဲ"
"ဟုတ်ပါတယ် မေသင်းကြိုင်က ကျွန်မတူမလေးပါ ခု ကျွန်မအစ်ကိုလည်း ဆုံးသွားတာ ကြာပါပြီး ယောင်းမလည်း ဆုံးသွားရှာပြီးဆိုတော ခိုကိုးရာမဲ့နေတဲ့ ကျွန်မတူမလေးကို ကျွန်မကပဲခေါ်ယူစောင့်ရှောက်ပေးမှာပါ"
ဟုဆို၍ ခပ်ကြုတ်ကြုတ်လေးထိုင်နေသည့် မေသင်းကြိုင်၏လက်အားလှမ်းကိုင်လိုက်ရာ မေသင်းကြိုင်မီာဆက်ခနဲတုန်ကာ လက်ကိုရုန်းချိန် ဒေါ်ညိုမြက အတင်းလက်နှစ်ဖက်ဖြင့်ပြန်ဖိဆုပ်ကိုင်၍
"မိကြိုင်လေး ဘာမှအားမငယ်နဲ့နော် ညည်းအဒေါ် ကျုပ်တစ်ယောက်လုံးရှိတယ် ညည်းကိုကျုပ်စောင့်ရှောက်ပေးမှာ"
"ရှေ့နေကြီးရှင့် အဲ့ဒါဆို ဒီခြံကို ကျွန်မ ဈေးပြောထားတာရှိပါတယ် ဝယ်မဲ့သူကလည်း သဘောတူပြီးထားပါပြီး အဲ့ဒါ ဒီကောင်မလေးလက်မှတ်ထိုးရင်ရပြီးမလားရှငိ့"
"ဟုတ်ပါတယ် ပိုင်ရှင်က သဘောတူလက်မှတ်ထိုးရင် အရောင်းအဝယ်လုပ်နိုင်ပါပြီး"
"အဲ့ဒါဆိုအတော်ပဲ ရှေ့နေကြီးအရှေ့မှာပဲ အရောင်းအဝယ်လုပ်လိုက်တော့မယ် ကျွန်မ ဝယ်သူကို ဖုန်းဆက်ခေါ်လိုက်အုံးမယ် ခနလေးနော် ရှေ့နေကြီးရှင့်"
"ဘာကို အရောင်းအဝယ်လုပ်မှာလဲ မိကြိုင်က ဘာလို့လက်မှတ်ထိုးပေးရမှာလဲ မိကြိုင်ထစမ်း"
ထူးသာမှာလည်း စိတ်မထိန်းနိုင်စွာ ဒေါသဖြစ်မိလျက် ထိုလူတွေရှေ့ရောက်လာကာ မေသင်းကြိုင်လက်အားကိုင်၍ ဆွဲထလိုက်သည်။
ထိုစဉ် ဒေါ်ရီတို့လည်း သူ့အနားရောက်လာကြကာ ဒေါ်ညိုမြကိုမကျေမချမ်းစိုက်ကြည့်နေကြသလို မေသင်းကြိုင်မှာတော့ ထူးသာ လက်ကိုင်ထားလျက် ထူးသာဘေး တွင် ခပ်တောင့်တောင့်လေးရပ်နေရသည်။
ထိုသည်ကို ဒေါ်ညိုမြမှာမီးဝင်းဝင်းတောက်သည့် မျက်လုံးများ၍ ကြည့်ကာ ထရပ်၍ ထဘီမလျက်
"ဟဲ့ အကောင် နင်နဲ့ဘာဆိုင်လို့ လူပါးလာဝနေရတာလဲ ဟမ်....ဒါငါတို့မိသားစုကိစ္စ နင်နဲ့ဘာဆို ဘာမှကို မဆိုင်တာ"
YOU ARE READING
ဆံမြိတ်ချ လှပါပေ့.....
一般小說"မိကြိုင် စကားပြောရင် ခေါင်းကိုမော့ထားစမ်း နောက်ပြီး အဲ့လက်တွေလိမ်ချိုးနေတာရပ် နောက်တခါ ပြူးကြောင်ကြောင်နဲ့ လိုက်ကြည့်ရင် ငါထုမှာနော်" "အ...အ....ကြိုင်....မှ ....ပြင်လို့ ....မရ....တာ ...ကိုကြီး....ထူးသာရယ်" သူ့ဆူရင် တုန်လှုပ်ကြောက်လန့်ပြီး နောက်ကျ...
part 21
Start from the beginning