အပိုင်း(၈၁)

Start from the beginning
                                    

ယွမ်ကျိုးက ဟင်းခတ်အမွှေးအကြိုင်များ ကြိုတင်ပြင်ဆင်ထားကြောင်း သိရှိရန် အံဆွဲကို ဖွင့်လိုက်သည်။ အခြေခံလိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များကို သေချာပြင်ဆင်ထားပြီး အဖုံးလုံအောင် တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။ ပြီးနောက် ယွမ်ကျိုးက အံဆွဲကို ပြန်ပိတ်လိုက်သည်။ ထို့နောက် ဒယ်အိုးနှင့် ယောင်းမကို ကောက်ယူလိုက်ပြီး ထုပ်ပိုးထားသည်များကို စတင်ဖြည်ပြီးနောက် ဒယ်အိုးကို အပူပေးရန် စတင်သည်။ မီးဖိုချောင်သုံးပစ္စည်းအားလုံးသည် အသစ်စက်စက် ဖြစ်နေသည်။

ဒယ်အိုးကို အပူပေးသောလုပ်ငန်းစဉ်က အတော်ကလေး ရိုးရှင်းသည်။ ပထမဦးဆုံး ဒယ်အိုးကို သန့်ရှင်းအောင် ဆေးကြောပြီး မီးဖိုပေါ်တင်ကာ အပူပေးသည်။ထို့နောက် ထပ်မံမဆေးကြောခင် ဒယ်အိုးတစ်ခုလုံးကို သန့်စင်ရန် ဝက်ဆီဖတ်အနည်းငယ်ကို အသုံးပြုသည်။ ဤလုပ်ငန်းစဥ်ကို ထပ်တလဲလဲ လုပ်ဆောင်သည်။ သုံးကြိမ်မြောက်ပြီးဆုံးသောအခါ ဒယ်အိုးသည် အသုံးပြုရန် အဆင်သင့်ဖြစ်သွားသည်။ သို့သော်ငြားလည်း ယွမ်ကျိုး၏အပြုအမူက အနည်းငယ် ခြားနားမှု ရှိသည်။ ရေအပြည့်ဖြည့်ပြီး ရေပွက်ပွက်ဆူလာမှ  အဆီနည်းသောဝက်သားအပိုင်း နှင့် အဆီများသော ဝက်သားအပိုင်းများကို မုန့်လာဥဖြူများဖြင့် ရောကာ ပြုတ်သည်။ ယခုလို ရောပြုတ်ရသည့်အကြောင်းအရင်းက စွပ်ပြုတ်ရရန်အတွက်သာ မဟုတ်ဘဲ ဒယ်အိုးအသစ်တွင် ကျန်ရှိနေသော သံချေးအရသာများကို စုပ်ယူရန်လည်း ဖြစ်သည်။

ယွမ်ကျိုးက မုန့်ညှက်မနယ်ခင် စွပ်ပြုတ်များကို ပွက်ပွက်ဆူရန် စတင်လုပ်ဆောင်သည်။ ထိုမှသာ စွပ်ပြုတ်ရရှိလာလျှင် ခေါက်ဆွဲပြုတ်ကို အဆင်သင့် ပြုလုပ်နိုင်လိမ့်မည်။ ယွမ်ကျိုးက အစားအအသောက်သောင်းကျန်းသူ ဖြစ်သော်လည်း ပါဝင်ပစ္စည်းများနှင့် ပတ်သက်၍ အများကြီး မသိထားပေ။

ပို၍ ဈေးကြီးသောပစ္စည်းများသည် ပို၍ကောင်းမွန်သည်ဟု စွန်းမင်က ခံယူထားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် စွန်းမင်ဝယ်လာသော ဂျုံမှုန့်သည် Supermarketတွင်ရောင်းချသော ဈေးအကြီးဆုံး ဂျုံမှုန့်ဖြစ်နိုင်သည်ဟု သိလိုက်သည်။ သေချာအသေးစိတ်ကြည့်ရှုလိုက်လျှင် အားလုံးအသုံးပြုရန် ရည်ရွယ်ထားသော ဂျုံမှုန့်ကို ဝယ်ယူလာခြင်းဖြစ်သည်။ ယွမ်ကျိုးက ဂျုံအိတ်ကို စုတ်ဖြဲလိုက်ပြီး ဂျုံမှုန့်ကို သူ့လက်ဖြင့် ထိတွေ့ကြည့်သည်။ ခြောက်သွေ့မှုအနေအထားက အဆင်ပြေနေသေးသည်။ အနံ့ခံကြည့်လိုက်လျှင် အနံ့မွှေးကြိုင်မှု ရှိပြီး အရောင်အဆင်းက သာမန်ထက် ဖြူဖွေးနေသည်။ ဤအချက်ကို အကြည့်ချင်းဖြင့် သာမန်ထက် လွန်ကဲစွာ ပြုပြင်ထားခြင်း ဖြစ်နိုင်သည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now