"အဘိဓာန်မိုး မေ့သွားတာလား "

"ဟမ်...ဘာကိုလဲ "

"တကယ် မမှတ်မိဘူးပေါ့ "

တကယ်ဘာမှမသိလို့ မသိသလိုပြုမူတာကိုကြည့်ပြီး နှိုင်းပုံစံကသဘောမကျသလိုရှိနေသည်။ဒေါသထွက်ပုံတော့မပြပေမဲ့ဝမ်းနည်းရိပ်သန်းလို့နေ၏။

"ငါတို့ ဘာဖြစ်ခဲ့ကြလို့လဲနှိုင်း "

"ဒီနေ့ကဘယ်နေ့ရှိပြီလို့ထင်လဲ "

"အင်္ဂါနေ့မဟုတ်ဘူးလား "

ပြုံးရိပ်သန်းလာသည့်နှိုင်းက မိုးကိုစားပွဲပေါ်တင်ထားသည့် နာရီအားလှမ်းပြလာသည်။အချိန်အားဖြင့်တော့ ကိုးနာရီရှိနေပြီဖြစ်ပြီး နေ့ရက်အားဖြင့်ဆိုလျှင်....

"ဘု...ဘုရားရေ သောကြာနေ့တောင်ရောက်လာပြီလား "

"ဟုတ်တယ် ကျွန်တော်တို့မနေ့ကအထိ တူတူလုပ်ခဲ့ကြတာလေ မမှတ်မိတော့ဘူးလား "

ဘုရားစူးမိုးကြိုးပစ် မိုး တနင်္လာနေ့ညက ဘီယာတွေသောက်ပြီး မူးတဲ့အထိတော့မှတ်မိတယ်..ပြီးတော့ နှိုင်းနဲ့အတူတူဖြစ်ခဲ့တဲ့အထိလည်းမှတ်မိပါသေးတယ်၊ဒါပေမဲ့ ရုတ်တရက် အမှောင်ထုလွှမ်းသွားတဲ့အချိန်ကစပြီး အရာအားလုံးက ဝေဝေဝါးဝါးဘဲ။

"ကဲ့ပါ...မျက်မှောင်ကြီးကုတ်ထားပြီး မစဥ်းစားနေနဲ့တော့ "

စဥ်းစားပေမဲ့ဘာမှမထွက်လာလို့ မျက်မှောင်ကုတ်ထားမိသည်အထိ စိတ်ရူပ်နေသည့်မိုးရဲ့ပါးကို နှိုင်းကနှစ်ဝင်သွားသည်အထိ အနမ်းများပေးလာ၏။ထို့နောက် မိုးအတွင်းသားထဲထည့်ထားသည့်အရာကို ဖြည်းဖြည်းချင်းထုတ်ပေးသည်။အခုကြတော့လဲ နည်းနည်းလစ်ဟာသွားသလို နေရတာတစ်မျိုးတစ်ဖုံတော့ခံစားရမိသား။

"ဒီနေ့တော့ ကျောင်းမသွားဘဲနားလိုက်နော် အဘိဓာန်မိုး "

"နှိုင်းကရော ဘယ်သွားမလို့လဲ "

အဝတ်အစားတွေကို ထဝတ်သည့်နှိုင်းက ဘယ်ချိန်ကတည်းက ထားထားလဲမသိသည့်ကင်မရာကိုကောက်လွယ်လျက် ကြောင်ကြည့်နေသည့် မိုးနှုတ်ခမ်းကိုလှမ်းနမ်းသည်။

"ဒီနေ့က ကျွန်တော်တို့ချစ်သူသက်တမ်းငါးရက်ပြည့်လေ အဲ့တာ အဘိဓာန်မိုးအတွက် ကျွန်တော်တစ်ခုခုလုပ်ပေးရမှာပေါ့ "

Change For You( သူ့အတွက်သာလျှင်)(U+Z)Where stories live. Discover now