Part (35) Uni/Zawgyi

Start from the beginning
                                    

ရန်ကြီးလည်းသက်ပြင်းရှည်တစ်ချက်ချပြီးဒေါသထွက်လာကာ ဘေစင်ကိုကျစ်နေအောင်ဆုပ်ကိုင်ထားလိုက်မိသည်။

*
*
*

"ခြေ နေဘယ်လိုလဲ ကောင်မ "

ဒီနေ့တော့ တွယ်တာလည်း အချိန်မပေးဖြစ်တာကြာတဲ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဟော့ပေါ့သွားစားဖြစ်ကြသည်။

ဘဲနဲ့ပဲချိန်းတွေ့ပြီးသူတို့ကိုပစ်ထားလို့ စိတ်ကောက်နေကြတာမို့ဒီနေ့ဟော့ပေါ့ကိုတော့တွယ်တာကပဲဒကာခံရသည်။

ပုဇွန်ခွာနေရင်းပန်းနုကနေစမေးလာသည်။

"ကိုကိုနဲ့လား"

တွယ်တာကတော့ အသားပြားတွေကိုအချဥ်နဲ့တို့စားရင်းပြုံးစိစိနဲ့ပြန်မေး၏။

"ဖြေချင်နေတာမလား !"

လဝန်းကပါတွယ်တာ့ရုပ်ကိုကြည့်ပြီးမနေနိူင်ဝင်ပြောသည်။

"နင်တို့ကလည်းနင်တို့ပဲသိချင်လို့မေးပြီးတော့"

"အေးပါဟုတ်ပါတယ်ငါတို့မေးတာပါ ကဲပြောပါဦး ဘယ်လိုလဲ"

"ကိုကိုနဲ့က အရမ်းဆင်ပြေ ပိုးစိုးပက်စက်ပြေ ကိုကိုကငါ့ကိုအရမ်းအလိုလိုက်တာပဲ ငါကဒါဆိုရင်ဒါပဲ "

"အဲ့တာ နင်တို့ရည်းစားမဖြစ်ခင်ကတည်းကပဲကို.. နင်ကတစ်ခွန်းဆိုကိုရန်ကြီးကနင့်ဘက်ကပဲအမြဲတမ်း "

လဝန်းပြောတာကို ပန်းနုကထောက်ခံပြီးခေါင်းညိတ်သည်။

"အဲ့တာကြောင့်ပြောတာ ကိုကိုချစ်စရာကြီးပါဆို"

"အေးပါဟုတ်ပါတယ် နင့်ဘဲက ချစ်စရာကြီးပါ "

"ဆိုတော့...ကိုကိုက ငါ့ကိုချစ်တယ်လို့တော့မပြောပေမဲ့အရမ်းချစ်တယ်ဆိုတာခံစားမိတယ် "

"ဟုတ်လှချည်လား နေပါဦး ဘာလို့ချစ်တယ်လို့မပြောတာလဲ "

"ဟင့်အင်း ငါမမေးမိဘူး ကိုကိုငါ့ကိုချစ်တယ်ဆိုတာငါသိနေတယ်လေ အဲ့ဒီတော့ပါးစပ်ကပြောမှချစ်တာမှမဟုတ်တာ "

"ကိုတရုတ်ကြီးကရောဘယ်လိုလဲ "

"ကိုကြီးမသိဘူး ကိုကိုကသူကိုယ်တိုင်ပြောမယ်လို့ပဲပြောတယ်ငါကပြောချင်ပေမဲ့ ကိုကို့စကားနားထောင်ပြီး မပြောပါဘူး "

The Challenge of Love (OC)Where stories live. Discover now