Part 2

13 2 0
                                    

လွန်ခဲ့သော ၆ နှစ်

ဟီအဲအလယ်တန်း....
ခါအီအထက်တန်းပထမနှစ်....
လီယာအထက်တန်းစတုတ္ထနှစ်.....

ဟီခါရုတစ်ယောက်လမ်းမှာလမ်းလျှောက်လာရင်း သူမနဲ့ရွယ်တူလို့ထင်ရတဲ့ကျောင်းသူလေးတစ်ယောက်ကိုတခြားသူတေအနိုင်ကျင့်နေတာတွေ့ရတယ်......

'အသက်အငယ်ဆုံးကျောင်းကောင်စီအဖွဲ့ဝင်ကတကယ်တမ်းကျတော့ဘာမှမဟုတ်ဘူးပဲ အသက်ကြောင့်တာနာမယ်ကြီးနေတာ....'(s 1)

ဟီခါရုဟာ ထိုနေရာသွားပြီး....

'နင်တို့တေအုပ်စုလိုက်နဲ့လူတစ်ယောက်ကိုအနိုင်ကျင့်နေတာ တော်တော်သတ္တိနည်းတာပဲ...'(ဟီခါရု)

'နေပါအုံး နင်နဲ့ဘာဆိုင်လို့ဝင်ပြောရတာလဲ....'(s 2)

'soyeon အထက်တန်းကျောင်းကပဲ......'(s 1)

'ငါဘာငါ့ ဘယ်ကျောင်းကဖြစ်ဖြစ်ဘာဆိုင်လို့လဲ....'ဟီခါရုဟာကြောက်ကြောက်နဲ့ပြောလိုက်တယ်.....

'ဟေ့ သူများကိုအနိုင်ကျင့်နေတာရပ်လိုက်ကြ....ငါ့ညီမကိုဘယ်သူတေကများထိရဲတာလဲ...'

ဟီခါရုဟာ ထိုအရပ်ရှည်ရှည်နဲ့အစ်မကြီးကိုကြည့်လိုက်တော့အနိုင်ကျင့်ခံရတဲ့ကောင်မလေးနဲ့ရုပ်ကအရမ်းဆင်တယ်......

ပြီးတော့ name tag ကိုကြည့်လိုက်တော့-ဟျူးနင်းလီယာနာဗ်

'ဟဲ့ရေကျောင်းကောင်စီဥက္ကဌလာနေပြီသွားရအောင် ငါကြားဖူးတာကတော့သူကအရမ်းကြောက်ဖို့ကောင်းတယ်တဲ့...'(s 2)

'ဘာလုပ်နေတာလဲ သွားကြတော့လေ...'(လီယာ)

'ဟုတ်....'(s 1)

ထိုကျောင်းသူလေးတေထွက်သွားတော့....

'ဟီအဲရား အဆင်ပြေရဲ့လား...'(လီယာ)

'အဆင်ပြေပါတယ်အွန်နီး.....ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...'(ဟီအဲ)

'ရပါတယ်.....'(ဟီခါရု)

'ဟီအဲကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...သွားလိုက်ပါအုံးမယ်...'(လီယာ)

ဟီခါရုသူတို့နှစ်ယောက်ကိုအနက်ရောင်ကားတစ်စီးပေါ်ကိုတက်သွားတာကြည်ပြီးကားလေးတစ်ဖြည်းဖြည်းထွက်ခွါသွားတာကိုကြည့်နေမိတယ်.......

My idol has a sister now she is my girlfriend (season 2)Where stories live. Discover now