ယွင်ရု အနည်းငယ် အံ့အားသင့်သွားကာ သူမ၏ မျက်လုံးများတွင် မျက်ရည်များ စီးကျလာပြီး.

"မစ္စတာပိုင် မင်းက ငါ့အပေါ် အရမ်းကြင်နာတာပဲ..ပြီးခဲ့တဲ့အကြိမ်က မင်း ဒေါသထွက်နေတယ်လို့ ထင်ခဲ့တာ.. ငါ့ကို လျစ်လျူမရှုနဲ့တော့.."

ပြီးခဲ့တဲ့အချိန်..

ဒီမိုက်မဲတဲ့ အငိုအိတ် Alpha လုပ်ခဲ့တာကို သူ ပြန်စဉ်းစားကြည့်မိဝည်။ သူမသည် သူရဲ့pheromoneများကို တုံ့ပြန်ခြင်းမပြုသော်လည်း သူရဲ့ အန္တရာယ်ရှိသော သင်ခန်းစာများကို သူမ နားထောင်နေဆဲဖြစ်သည်။ သူ့မကိုယ်သူမ ရိုက်သလိုမျိုး မိုက်မဲတာတွေကြောင့် သူ့စကားကို နားထောင်ချင်စိတ်ရှိခဲ့တယ်။ ထို့နောက်လက်ဆောင်ပစ္စည်းတွေလည်း ပေးခဲ့တယ်။

ပိုင်ဟွိုင်ယုရဲ့ အနက်ရောင် မျက်လုံးများသည် နက်ရှိုင်း အေးစက်ပြီး ပြင်းထန်သော နှလုံးခုန်သံသည် ရုတ်တရက် နွေးထွေးသော ခံစားချက်ကြောင့် အကြိမ်ရေ အနှောင့်အယှက် ဖြစ်သကဲ့သို့ အေးစက်ပြီး ကြမ်းတမ်းသော နှလုံးခုန်သံသည် အနည်းငယ် ရှုပ်ယှက်ခတ်နေပြီး ၎င်းနှင့် လိုက်လျောညီထွေ မပြုပါက ခန္ဓာကိုယ်အတွက် ထူးဆန်းသလို ခံစားရသည်။

"မင်း ငါ့ရဲ့ pheromone တွေကို တကယ် အနံ့ခံနိုင်လား"

သူရဲ့ pheromoneသည် ယွင်ရု ကို လှည့်စားနိုင်မူ မရှိသည့်အတွက်ကြောင့် စိတ်ဝိဉာဉ် လှည့်စားခြင်း၏ အကျိုးသက်ရောက်မှု ဆုံးရှုံးမည်ကို အမြဲကြောက်နေသော်လည်း နောက်ပိုင်းတွင် သူလျှို့ဝှက်စွာ စမ်းသပ်ခဲ့ပြီး ယွင်ရုမှလွဲ၍ ကျန်လူများသည် သူpherumoneရဲ့ တိုက်ခိုက်မူကို ပြင်းထန်စွာရရှိခဲ့သည်။

ယွင်ရု ၏မျက်နှာသည် ချက်ချင်းပင် နီရဲသွားကာ မျက်လုံးများက ပိုင်ဟွိုင်ယု ကို ရှက်ရွံ့စွာ စူးစူးစိုက်စိုက်ကြည့်ကာ ရှက်ရွံ့စွာ တိုးတိုးပြောလိုက်သည်။

"မစ္စတာပိုင် မင်းက ရဲတင်းလွန်းတာပဲ.. မင်းနဲ့ငါ တစ်ယောက်ကို တစ်ယောက် ခံစားချက်ကောင်းတွေ ရှိရင် ငါ့ Alpha က မင်းကို ပြုစုပေးနိုင်ပါတယ်.."

ပိုင်ဟွိုင်ယု ဟာ ယွင်ရု ရဲ့ ရှက်တဲ့မျက်လုံးတွေကြောင့် ခဏတာ တုန်လှုပ်သွားသလို ခံစားလိုက်ရပြီး..

ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိနေပြီတဲ့ (MM Translation )Where stories live. Discover now