warmth of the rain ☂︎ ⋆ ゚

40 6 2
                                    

ကဖေးထဲသို့ ဝင်လိုက်သည်နှင့် ကော်ဖီရနံ့သင်းသင်းနှင့် ခပ်တိုးတိုး စကားပြောသံတွေက သူတို့ကို ဆီးကြိုတယ်။ ပေါ့ပေါ့ပါးပါး Jazzတေးဂီတသံက လေထဲတွင် လွင့်ပျံ့နေပြီး လတ်လတ်ဆတ်ဆတ် ပေါင်မုန့်အနံ့တွေကလည်း လေထုထဲမှာ ကော်ဖီရနံ့နဲ့ ပေါင်းစပ်ကာ လွင့်ပျံ့နေလို့ပါပဲ။

အညိုရောင်မှိုင်းတဲ့ အုတ်နံရံတွေမှာ ပန်းချီကားအချို့ချိတ်ဆွဲထားပြီး ဖတ်စရာစာအုပ်အချို့ကိုလည်း စင်တွေနဲ့ထားထားပေးသည်။ ညိုမှိုင်းပြီး နွေးထွေးလှတဲ့ ကော်ဖီဆိုင် လေထုက ဂျယ်ယွန်းသဘောကျချင်စရာပါပဲ။ ဘေးမှာ ဆောင်းဟွန်းပါနေလို့ ပိုပြီးတောင် သဘောကျရတယ်။

ကောင်တာက Barista က သူတို့ကို ဖော်ရွေဖော်ရွေ အပြုံးဖြင့် နှုတ်ဆက်သည်။ မကြာသေးခင်ကမှ ပေါင်မုန့်ဖုတ်နေခဲ့တာဆိုတာကို သူ့အေပရွန်ပေါ်မှ ဂျုံမှုန့် အမှုန်အမွှားအချို့က သက်သေတည်တယ်။

ကောင်တာမှာ ချပေးထားတဲ့ မီနူးတစ်ခုကို ခေါင်းချင်းဆိုင်ကာ ဖတ်လိုက်ပြီးအနောက်မှာတော့........

"Vanilla latte တစ်ခွက်ပေးပါ"

"Vanilla latte တစ်ခွက်ပေးပါ"

တစ်ပြိုင်တည်းထွက်လာတဲ့ စကားသံတွေနောက်မှာတော့ ဂျယ်ယွန်းရင်ထဲမှာ ပျော်ရွှင်မှုတွေဖြတ်ပြေးသွားပြီး နှုတ်ခမ်းထောင့်စွန်းတွေက ကွေးညွတ်သွားရတယ်။ လေထုထဲမှာ ကော်ဖီစေ့လှော်နံ့တွေက ခပ်သင်းသင်းပါပဲ။ ဂျယ်ယွန်းအထင်မှားတာလားမသိပေမယ့် ဆောင်းဟွန်းဆီက ဗယ်နီလာနံ့လေးသင်းနေတယ်။

""မင်းလည်း vanilla latte ကြိုက်တာလား"

သဘောကျတဲ့သူနဲ့ အကြိုက်ချင်းတူတဲ့အခါမှာ ထွက်ပေါ်လာတတ်တဲ့ ပီတိအချို့ဟာ ဂျယ်ယွန်းအသံထဲမှာ ရောယှက်နေတယ်။

"အင်း ဟုတ်တယ် ဒါငါ့အကြိုက်ဆုံးပဲ"

ခေါင်းငြိမ့်ကာ ခပ်ပြုံးပြုံးနဲ့ ပြန်ဖြေလာတဲ့ ဆောင်းဟွန်းက ဂျယ်ယွန်းအတွက်တော့ Vanilla latteပူပူလေးတစ်ခွက်လိုမျိုး ချိုချို‌နွေးနွေးမွှေးမွှေးဖြစ်တည်မှုမျိုးဖြစ်မယ်။

౨ৎ

ကဖေးရဲ့ ထောင့်ကျကျဝိုင်းမှာ ဆောင်းဟွန်းဟာ ဂျယ်ယွန်းကို မျက်နှာချင်းဆိုင်လို့ထိုင်နေတယ်။ စားပွဲပေါ်မှာတော့ ပြန့်ကျဲနေတဲ့ ဖတ်စာအုပ်တွေ၊ မှတ်စုတွေနဲ့အတူ ပနံသင့်နေတဲ့ vanilla latteနှစ်ခွက်။ ဂျယ်ယွန်းဘာမှတွေးမနေတော့ဘဲနဲ့ ထိုစားပွဲကို ဓာတ်ပုံရိုက်ကာ Instagramမှာ ကောက်တင်လိုက်တယ်။ ဆောင်းဟွန်းနဲ့ပတ်သက်သမျှကို မှတ်တမ်းတင်ထားဖို့က ဂျယ်ယွန်းအတွက် ဘဝပေးတာဝန်တစ်ခုလိုပဲ။

𝘍𝘢𝘭𝘭 𝘪𝘯 𝘭𝘰𝘷𝘦 𝘸𝘪𝘵𝘩 𝘮𝘦 /𝘴𝘶𝘯𝘨𝘫𝘢𝘬𝘦/Where stories live. Discover now