beginning of jaeyun's love story 📓˖°.

35 6 0
                                    

ပြတင်းပေါက်က‌နေလှမ်းမြင်နေရတဲ့နေသာတဲ့ နံနက်ခင်းက နွေးထွေးမှုနှင့် ခြယ်မှုန်းထားတဲ့ ကင်းဗတ်တစ်ခုနှင့် တူတယ်။ ကြည်ပြာရောင်ကောင်းကင်ယံကို နောက်ခံထားပြီး နေရောင်ခြည်အောက်မှာ သစ်ပင်ပန်းမန်တွေက တဖျပ်ဖျပ်ရွှေရောင်တောက်ပနေကြသည်။ ကျေးငှက်တွေကလည်း ကျီကျီကျာကျာတေးဆိုနေကြသေးတယ်။

ပုံမှန်ဆိုဒီလိုနေ့မှာ သဘာဝရဲ့အလှတရားတွေကို ခံစားပြီး ကော်ဖီတစ်ခွက်နဲ့ သာသာယာယာဖြတ်သန်းနေရမှာ။ ဒါပေမယ့် crushပူမိနေတဲ့ ဂျယ်ယွန်းအတွက်တော့ ဒီလိုသာယာနေတဲ့ရာသီဥတုကြီးက သူ့ကိုလာလှောင်နေသလိုပါပဲ။ ပြဿနာကဒီလိုပါ။ ဂျယ်ယွန်းရဲ့ အပိုင်းတစ်နဲ့ ဇာတ်သိမ်းသွားတယ်ထင်ရတဲ့ ဇာတ်လမ်းလေးက တကယ်တော့ စကိုမစရသေးတာဖြစ်နေတာ။ ဆောင်းဟွန်းမှာကောင်မလေးရှိတယ်ထင်ပြီး တစ်ယောက်တည်း တစ်ပတ်လောက်ကြေကွဲပြီးမှ ဟိုက သူ့အစ်မအရင်းခေါက်ခေါက်ကြီးဖြစ်နေတာလေဗျာ။ ဒီလိုမျှော်လင့်ချက်ရောင်ခြည်လေးနည်းနည်းရှိလာတဲ့အခါမှာ ဂျယ်ယွန်းရဲ့ ပျောက်လုနီးပါးဖြစ်နေတဲ့ ဆောင်းဟွန်းရောဂါက ထလာတော့တာပါပဲ။

နေ့ရက်တွေက ရက်သတ္တပတ်များအဖြစ် ပြောင်းလဲသွားပေမယ့်လည်း သူတို့က အတန်းဖော်သာသာပါပဲ။ စကားစပြောဖို့ရာလည်း ဆောင်းဟွန်းဘာတွေကိုစိတ်ဝင်စားလည်း သေချာမသိတာမလို့ တိုင်တွေပတ်ရသောပါပဲ။ နီးနီးလေးနဲ့ ဝေးနေကြတယ်ဆိုတာ ပတ်ခ်ဆောင်းဟွန်းနဲ့ ရှင်းမ်ဂျယ်ယွန်းတို့ပါပဲ။ ဂျယ်ယွန်းသိတဲ့ ဆောင်းဟွန်းနဲ့ပတ်သက်တာဆိုလို့ @hoonishere ဆိုတဲ့ သူ့ရဲ့ Instagram accountလေးတစ်ခုတည်းရယ်။ ဒါတောင် သူကိုယ်တိုင်ပြောပြထားတာမဟုတ်ဘဲ ဂျယ်ယွန်းရဲ့မွေးရာပါ ရှာတတ်ဖွေတတ်တဲ့ ပါရမီလေးကြောင့် ရှာ‌တွေ့ထားတာ။ တကယ်တော့ အခြေအနေတွေမတိုးတက်တဲ့အကြောင်းအရင်က ဂျယ်ယွန်းရဲ့ ဘာမှန်းမသိတဲ့ကြောက်စိတ်ပါပဲ။ အခု Instagram accountလေးတောင်သွား followမလုပ်ရဲပဲ ထိုင်ကြည့်နေတာကိုပဲကြည့်ကြပါတော့။

"အရူးလိုမျိုး ဖုန်းကြီးကို ပေါက်ထွက်မတတ်ထိုင်ကြည့်မနေဘဲ followလေးသွားလုပ်လိုက်တော့ ဟိုကမင်းကို တရားထဆွဲမှာမလို့လား ရှင်းမ်ဂျယ်ယွန်းရ
ကိုယ့်ဘာသာကိုယ်တောင် ကိုကို့ကိုလွမ်းရတဲ့အထဲ ဒီအရူးကောင်အိမ်ကိုလာလည်မိတာကိုကအမှား"

𝘍𝘢𝘭𝘭 𝘪𝘯 𝘭𝘰𝘷𝘦 𝘸𝘪𝘵𝘩 𝘮𝘦 /𝘴𝘶𝘯𝘨𝘫𝘢𝘬𝘦/Where stories live. Discover now