"ဘာ!..."

"သခင်လေး မရှိတဲ့အချိန်ဆို သော်စစ်နဲ့မမလေး အိမ်တော်နောက်ဘက်မှာချိန်းတွေ့လေ့ရှိပါတယ်၊အစက..အစကတော့ ရိုးရိုးသားသားစကားပြောတယ်ထင်ခဲ့ပေမဲ့..."

"တောက်!..."

သစ်နိုင်းမြတ် ဒေါသကိုတတ်နိုင်သလောက်ထိန်းချုပ်ထားလေသည်။ကြားလိုက်ရသမျှထိုစကားတွေဟာ နားထဲတွင်ပဲ့တင်သံကဲ့သို့ ထပ်ခါထပ်ခါကျယ်လောင်နေသည်။

စိတ်မထိန်းနိုင်သည့်အဆုံး စားပွဲပေါ်သို့ လက်သီးဖြင့် ဇောက်ခနဲထိုးချလိုက်သည်။

နီနီ လက်တွေတုန်ယင်နေရင်း ခေါင်းငုံ့ထားရင်းမှ အခန်းထောင့်ရှိရပ်နေသော ဦးဝေ ကိုအသာလေး မော့ကြည့်လိုက်သည်။

လိုချင်တာရသွားသည့်မျက်နှာအမူအရာကား သိသာစွာပေါ်လွင်နေရာ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်၍ပြုံးနေသည်။

သစ်နိုင်းမြတ်တစ်ယောက် ထိုးချလိုက်သောလက်တစ်ဖက်၏နာကျင်မှုကိုပင်အာရုံမရတော့။
မျက်လုံးစုံမှိတ်ကာ ကျန်လက်တစ်ဖက်ဖြင့်နဖူးကိုထောက်ထားရင်း

"သွားကြတော့ခင်ဗျားတို့.."

"အကုန်ထွက်သွားကြ!တစ်ယောက်မှဝင်မလာနဲ့"

နီနီ ကြောက်ကြောက်လန့်လန့်ဖြင့် ထိုအခန်းမှထွက်သွားလေရာ အနောက်မှဦးဝေကပါထွက်လာခဲ့သည်။

နီနီ့ပုခုံးကိုဆွဲလှည့်လိုက်ရာ

"မနက်ဖြန် အထုပ်ပြင်ပြီးဒီကထွက်သွားလိုက်တော့၊မင်းကိုကြိုဖို့ ငါလူခေါ်ထားလိုက်မယ်.."

"ဟုတ်..ဟုတ်ကဲ့.."

"မှတ်ထား၊ဒီကိစ္စကို မင်းအခေါင်းထဲထိသယ်သွား၊တစ်ယောက်ယောက်သိသွားလို့ကတော့ အဲ့ဒီနေ့ကမင်းသေတဲ့နေ့ပဲ"

"..........."

နီနီကြောက်အားလန့်အားဖြင့် ခေါင်းသာထပ်ခါထပ်ခါငြိမ့်ပြလိုက်သည်။

မိမိအခန်းငယ်လေးထဲတွင် နီနီတစ်ယောက် ကျုံ့ကျုံ့လေးထိုင်နေမိသည်။တုန်ယင်နေသောလက်တွေကိုပါးစပ်ဖြင့်ကိုက်လိုက်ရင်း လွန်ခဲ့သော (၂)နာရီခန့်က အဖြစ်ပျက်တချို့က ခေါင်းထဲပြန်ရောက်လာလေသည်။

ပျောက်ဆုံးခဲ့သောကောင်းကင်{The Lost Sky}Where stories live. Discover now