"အော်...သား ရောက်ပြီလား။ဘယ်နေရာမှာလဲ လာကြိုမယ်လေ"

"ဟုတ်.......အာ.....အကိုကြီး ဒါဘယ်နေရာလဲ ခဗျ"

ဘယ်နေရာမှန်းမသိတာကြောင့် ငြိမ့် ကိုလိုက်ပို့ပေးသည့် အငှားကားမောင်းသည့် အကိုကြီးအား တစ်ဖက်လှည့်ကာ မေးလိုက်သည်။

"**###**ပါ"

"အာ...ဉီး...**##**တဲ့ ဉီး"

"အော် ဟုတ်ပြီ။အခုလာကြိုခိုင်းလိုက်မယ်သား။အဲ့ကနေ ဘယ်မှမသွားနဲ့နော်"

"ဟုတ်ကဲ့ဗျ"

တီ!

ငြိမ့် အဘတို့ မေကြီးတို့၊ သူငယ်ချင်းတွေနှင့် ခွဲလာရလို့ စိတ်ထဲမကောင်းပေမဲ့ အကိုနှင့် တွေ့ရမည်ဆိုသည့်အတွေးနှင့် ရင်ထဲက လှိုက်ကာ ၀မ်းသာနေမိသည်။
လွမ်းတဲ့စိတ်နဲ့ ​ငြိမ့် အားပြိုင်ကြည့်ခဲ့ပေမဲ့ လွမ်းတဲ့စိတ်က စိတ်အစုံကို အနိုင်ယူသွားခဲ့တာမို့ ငြိမ့်ပြုံးပြုံးကြီး အရှုံးကို လက်ခံခဲ့မိတယ်။
ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်သလဲ လူတစ်ယောက်ကြောင့်နှင့် မခွဲချင်တဲ့ လူတွေနဲ့ ခွဲခဲ့ပြီး၊ မတတ်ချင်တဲ့ ကောလိပ်ကိုလာတတ်သည်တဲ့။
အကိုသာသိရင် ရယ်များနေမလား။ပြန်တွေးကြည့်လိုက်တော့ ဒါက ချစ်မိနေတဲ့ လူတွေလုပ်တတ်သည့် အရာမျိုးပင်မလား။

တီ! တီ! တီ!

"ဘုရားကြီး!!!"

အတွေးတွေလဲ ငြိမ့်လက်ပစ်ကူးနေစဉ် ကားဟွန်းတီးသံ စူးစူးက ရိပ့်ခနဲထွက်ပေါ်လာတာကြောင့် ငြိမ့်လန့်ကာ ယောင်သွားသည်။
ဟွန်းတီးသံထွက်ပေါ်လာသည့် ကားကိုကြည့်လိုက်တော့ ဘာအမျိုးအစားလဲ မသိပေမဲ့ ဈေးကြီးလိုက်မည်က အမှန်။

"အကို!"

ကားမှန်ကို တဖြည်းဖြည်းချအပြီး မြင်ကွင်းထဲသို့ ရောက်လာသည်က မြတ်နိုးရသူ၏မျက်နှာချောချောပင်ဖြစ်သည်။

"တတ်"

"ဗျာ"

ကျစ်!

"တတ်လို့ ပြောနေတာလေ။မကြားတာလား!"

"အမ်....ဟုတ်"

တော်ဝင် ခပ်ဆတ်ဆတ်လေးအော်လိုက်မှ ကားထဲကိုလျစ်ခနဲ ၀င်လာကာ တော်ဝင်ဘေးနားသို့ လာထိုင်သည်။

My Possessive LovelyWhere stories live. Discover now