" ဦး မင်းထိုက်.. "

" ရှိုင်းလေး.. ပစ္စည်းအိတ် ဒီကိုပေး"

"ရပါတယ် ဦးမင်းထိုက်ကလဲ "

"မဟုပ်တာ ဦးထိုက်ကိုပဲ ပေးပါ "

လက်ထဲရှိ အိတ်အား မင်းထိုက်
က ယူစေလျှက် ကားတံခါးဖွင့်ကာ ပစ္စည်းအိတ်ကိုတင်သည်။ ငယ်ငယ်ကထဲက ဘေးနားအတူရှိပေးလာသည်ဖြစ်၍မင်းထိုက်နှင့် ဇေယံတို့နှစ်ယောက်ကို ရှိုင်းဆက်က ခင်တွယ်ကာ သူဌေးသားဖြစ်ပေသည့် မာနမကြီးတက် မခဲဲခြားတက်သော ကလေးတစ်ယောက်ဖြစ်သည်။ ပြီးသည်နှင့် လေဆိပ်မှ ထွက်ခွာလာတော့သည်။

**********************************************

ဖိုင်စာရင်းတွေ လုပ်နေကာ မရှင်းတာရှိရင် လာမေးနေသော သင်တန်းသား/သူ တို့ကို လင်းသက်တစ်ယောက်ရှင်းပြကာ ကွန်ပြူတာရှေ့တွင် အလုပ်ရှုပ်နေလေရဲ့။ တစ်ခန အကြာ စာရင်းများချုပ်လို့ပြီးသည်နှင့် Coffeeဖျော်ဖို့ ထွက်လာကာ ခွက်ကိုယူမည့်အလုပ်တွင်

" ဗွားးးးးးးးးးးးး "

" မြတ်စွာဘုရား ငုတ်တုပ်ထ ~ "

ပခုံးသို့ပုတ်ကာ အနောက်ကအော်၍ စလိုက်သည့်ကြောင့် လင်းသက်တစ်ယောက် တုန်သွားပီး ယောင်မိယောင်ရာ ယောင်ကုန်သည်။ ဘေးတွင်ရောက်လာသူကတော့ သူယောင်တာကို သဘောကျလျှင် ရယ်နေသည်မှာ ခွက်နှင့်ပင် ကောက်ထုချင်စရာ ။ လင်းသက်လန့်ရင် အဲ့လိုယောင်အော်တက်သည်ကိုသိပြီးကထဲက တမင်ကို ချောင်းနေကာ ခနခန လိုက်စနေချင်းဖြစ်သည်။

" သူ့ဘာသူ နေတဲ့မြတ်စွာဘုရားကို ဘာလို့ငုတ်တုပ်ထခိုင်းနေတာလဲ   ညီ ရာ... ဟားးဟားးဟားးး"

"ကောင်းး... မင်းလိုက် မစ စမ်းနဲ့ဟာ"

"စိတ်စိုးသွားတာလား ၊ အေးပါကွာ မစတော့ပါဘူး "

"နောက်တစ်ခါလုပ်ရင်  မင်းကို တစ်ကယ်မပေါင်းတော့ဘူး "

" မစတော့ပါဘူးဆိုနေ "
" ဟေ့  ... ဘယ်လဲ စိတ်စိုးသွားတာလား... ဟေ့  ညီ "

"ငါမအားဘူး  စာရင်းတွေကျန်သေးတယ် "

Coffeeခွက်ယူပြီးသည်နှင့် လှည့်ပြန်သွားသော သူကြောင့် စိတ်စိုးပြီအထင်နှင့် အချိန်မလွန်ခင်ကလှမ်းမေးရတော့သည်။ စာရင်းတွေကျန်သေးကာ အလုပ်ရှုပ်နေသော လင်းသက်မှာတော့ မြန်မြန်ပင် ကွန်ပြူတာရှေ့သို့ ခြေလှမ်းတို့ သုပ်ခြေတင်ရသည်။အခုတလော အလုပ်ကိုအာရုံစိုက်ရတာကြောင့် မျက်စိအားနည်းကာ အနည်းငယ်အဆင်မပြေတာကြောင့် ပါဝါချိန်ထားသည့် မျက်မှန်လေးတစ်လက်အား အလုပ်တွင်အာရုံစိုက်နေသည့် တပ်အချိန်၌သာတပ်ထားလေ့ရှိသည်။ထိုစဥ်...

Last Light. ( un + Zawgyi )Where stories live. Discover now