Special Chapter 2

Start from the beginning
                                    

စန်းရန်က အကြမ်းဖျင်းတစ်ချက်ကြည့်လိုက်လျှင် အားလုံးက သိပ်မရင်းနှီးသည့်သူငယ်ချင်းမိတ်​ဆွေလုပ်​ဖော်ကိုင်ဖက်များထံမှသာဖြစ်ကာ တစ်ချို့မှာ မှတ်ထားသည့်နာမည်ထဲတွင်ပင် မပါ​ချေ။ သူ ​သေချာထပ်ပြီးကြည့်လိုက်လျှင် သူနှင့်ရင်းနှီးသည့်သူများ၏အရိပ်အ​ယောင်ပင် မရှိ။

အရင့်အရင်နှစ်များတွင် သတိမထားမိခဲ့ပါ​သော်လည်း ယခုနှစ်တွင်​တော့ 'မိန်းမ​လေး' ရှိလာသည့်အ​ခြေအ​နေနှင့် ယှဥ်ကြည့်စရာရှိလာပြီဖြစ်သည့်အတွက် ထိုမက်​ဆေ့များ အဖြူချည်းသက်သက်ဗလာကျင်း​နေလျှင်​တောင် သူ အ​ရေးမလုပ်​ပေ။ စန်းရန်က ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး ဂိမ်းထဲဝင်လိုက်​တော့၏။

မိနစ်နှစ်ဆယ်နီးပါး ကစားပြီးချိန်တွင်။

ဖုန်းတုန်ခါသံတစ်ချက်မြည်သွားသဖြင့် စန်းရန်က ဝင်ကြည့်လိုက်ရာ စာပို့လာသူက စန်းကျစ် ;

[ ကိုကို! ​မွေး​နေ့မှာ​ပျော်ရွှင်ပါ​စေ ! ! ! ]

စန်းရန် ; [ ? ]

စန်းကျစ် ; [ ? ]

စန်းရန် ; [ ? ]

စန်းကျစ် ; [ ? ? ? ]

စန်းရန်က သူမအား အ​ရေးလုပ်​နေရမည်ကို ပျင်းလွန်းလို့.....

မိနစ်ပြီးကြာပြီးလျှင် စန်းကျစ်က မ​နေနိုင်ဘဲ ​မေးခွန်းထုတ်လာ​လေသည်။

[ ကိုကို ဘာဖြစ်​နေတာလဲ! ( angry emoji) ]

စန်းကျစ် ; [ ညကြီးမိုးချုပ်ကို ဘာစိ​တ်ရူးထ​ဖောက်​နေတာလဲ! ]

စန်းရန်က အသံမက်​ဆေ့ပို့လိုက်သည်။

"ဘယ်နှနာရီလဲဆိုတာ ပြန်ကြည့်"

စန်းကျီ ; [ ၁၂ နာရီခွဲ​လေ ၊ ဘာဖြစ်လို့လဲ ]

မိနစ်ပိုင်း ကြာလွန်သွား​သော်...

စန်းကျစ် ; [ ? ]

စန်းကျစ် ; [ ..... ]

စန်းကျစ် ; [ ဘာလဲ....ကိုကိုက အချိန်အတိအကျမပို့လို့များ ညီမ​လေးကို...(မျက်နှာ​ပြောင် emoji) ]

စန်းကျစ် ; .....

​နောက်ထပ်ဆယ်မိနစ်စာတိတိ စန်းကျစ်က Emoji များအား မရပ်မနားတမ်းပို့လာ​လေ​တော့၏။ တစ်ခုနှင့်တစ်ခုလည်း မတူသလို အံ့သြလွန်းလို့ ​သွေးအန်​နေသည့်အမူအရာမျိုးပင် ပါလိုက်​သေးသည်။ စန်းရန်က ကြည့်ရင်း စိတ်မရှည်နိုင်​တော့သဖြင့် စန်းကျစ်အား Blacklist ထဲ တန်းထည့်ပစ်လိုက်​တော့သည်။

First Frost [ ဘာသာပြန် ]Where stories live. Discover now