"ဒါဆိုဘာကြောင့် ဒါလေးကိုတောင် ဖုံးကွယ်ထားရတာလဲ? ရှောက်ချွင်မင်းဆီ ဖုန်းဆက်လာတယ်မလား?

လီချိန်ရှို့ ခေါင်းညိတ်သည်။ ပြီးမှ သူမမြင်နိုင်ကြောင်း သတိရကာ အင်းဟု ဖြေလိုက်သည်။

လီရှော့ဘက်တွင်တော့ အံတကြိတ်ကြိတ်နှင့်

"ဒီမျိုးမစစ်က မပြီးနိုင်သေးဘူးလား?"

လီချိန်ရှို့၏ အသံတွင် အားနည်းခြင်းများ ရောယှက်နေလျက်

"ကိုကြီးလီ ကျွန်တော် ဘာလုပ်ရမလဲ?"

လီရှော့က နှစ်သိမ့်သည်။

"ကိုယ်နည်းလမ်းရှာကြည့်ဦးမယ်။ မင်း ဖုန်းကဒ်အသစ်ဝယ်ပြီးတာနဲ့ ကိုယ့်ကိုပြောနော်။ နောက် ဖုန်နံပါတ်အစိမ်းဆို လုံးဝမကိုင်နဲ့"

"ဟုတ်...."

လီရှော့ဘက်မှ သက်ပြင်းတစ်ချက်ချလိုက်ပြီးပြောလိုက်သည်။

"ချိန်ရှို့ နောက်ဆို ဘာကိစ္စရှိရှိ ကိုယ့်ကိုပြောဖို့ သတိရပါ။ ကိုယ်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ကွဲကွာနေလို့မဖြစ်ဘူး။ဟုတ်တယ်မလား?"

"ကျွန်တော်က ကိုကြီးစိတ်ပူမှာစိုးတာပါ"

"အကယ်၍ ရှောက်ချွင်က ကိုယ်မရှိတဲ့အခိုက်အတန့်မှာ မင်းကို အနိုင်ကျင့်တယ်ဆို ကိုယ်ပိုပြီးစိတ်ပူရမှာ။ မင်းကို သူခေါ်သွားပြီး ဖမ်းပိတ်သွားတဲ့ရက်တွေမှာ ကိုယ့်မှာ စိတ်ပူရလွန်းလို့ အိပ်လို့တောင်မပျော်ဘူး။ အကယ်၍ မင်းကိုယ့်ကို စိတ်မပူစေချင်ရင် အချိန်မရွေး ကိုယ်နဲ့ဆက်သွယ်ပေးပါ။ အဲ့လိုအဖြစ်မျိုး ထပ်မဖြစ်ရအောင်"

လီချိန်ရှို့ စိတ်ထဲ တဖြည်းဖြည်း နွေးထွေးလာသည်။ ဖုန်းတစ်ဖက်မှလူ၏ နွေးထွေးလေးနက်မှုသည် သူ့အား အားအင်ပေးလိုက်သလို။ တစ်ရက်လုံး နောက်ကျိရှုပ်ထွေးနေသော စိတ်သည်လည်း တဖြည်းဖြည်း တည်ငြိမ်လာကာ

"ကျေးဇူးတင်ပါတယ်။ ကိုကြီးလီ"

လီရှော့က ရယ်ရင်းဆိုသည်။

"မင်းသာ ကောင်းကောင်းရှိနေရင် ကိုယ်ကမင်းကို ကျေးဇူးတင်ရမှာ။ ကိုယ့်မျက်စိရှေ့က ထပ်ပျောက်မသွားပါနဲ့တော့"

ကနွဲ့ကလျ (ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin