Part-5

90 8 2
                                    

(Unicode)

ရှောင်းကျန့် ထမင်းစားဝိုင်းမှာ ထိုင်ကာ သူရှေ့ ဆိုဖာပေါ် သူအိမ်သူယာလို ခပ်တည်တည် ထိုင်နေရင်း ကျင်းကော်ကိုလည်း ပေါင်ပေါ် တင်ထားကာ Tom and Jerry ကို သေချာ ကြည့်နေတဲ့ သူနဲ့ မရင်းနှီးဘူးလို့ ပြောတဲ့ ကောင်လေးကို ကြည့်နေမိသည်။

ထိုကောင်လေးရဲ့ ငါကို အိမ်ခေါ်ထားပေးလို့
ပိုင်စိုးပိုင်နင်း ပြောလာချိန်မှာ ရှောင်းကျန့်က
ဘာကြောင့် ခေါင်းငြိမ့်မိသလဲ။ ဒီ ယုံချင်စရာ ကောင်းတဲ့ ချောမောတဲ့ မျက်နှာကြောင့်လား..။

"အဲ့လောက်ဘဲ ကြည့်တော့ ငါ မျက်နှာလည်း
ပေါက်ထွက်တော့မယ် ရှောင်းကျန့်"

ရှောင်းကျန့် သူဘက် ရုတ်တရက်လှည့်ကြည့်လာကာ ပြောလာတဲ့ သူကြောင့် ကြည့်နေရာက
အသိဝင်ကာ မျက်လွှာချလိုက်ပြီး ‌လက်ဟန်နဲ့
ခပ်တည်တည် ‌ဗြောင်လိမ်လိုက်သည်။

"(ငါ ကြည့်မနေဘူး)"

ဝမ်ရိပေါ် ထို လက်ဟန်ကို သေချာ နားမလည်
ပေမဲ့ သူပြောတာကို ရှက်ယမ်းယမ်းကာ ငြင်း
နေမှန်း သိစေတာက ထိုလူရဲ့ နီရဲတက်လာတဲ့
နားရွက်လေးကြောင့်..။

ဝမ်ရိပေါ် ရဲ့ နှုတ်ခမ်းက မသိမသာ ကော့တက်
သွားသလို မျက်လုံးထဲ အပြုံးရိပ် တစ်ချို့ ပေါ်
လာပေမဲ့ ခဏသာ..။

ဒီလူ အမြဲ ပြုံးနေရင် လှနေမှာ..

ရုတ်တရက် ဝင်လာတဲ့ ထို မရင်းနှီးပြီး သစ်လွင်နေတဲ့ ခံစားချက် တစ်မျိုးနဲ့ အတွေး
ကြောင့် ဝမ်ရိပေါ် ကော့တက်နေတဲ့ နှုတ်ခမ်း
များက တင်းတင်းစိသွားပြီး မျက်မှောင်ကို
ကုတ်လိုက်မိသည်။

ရှောင်းကျန့် မျက်မှောင်ကုတ်နေတဲ့ လူငယ်လေး ကို ကြည့်ကာ တွေးမိတာက ဘာလဲ ငါကြည့်တာကို မကြိုက်တဲ့သဘောလဲ။ စိတ်ဆိုးသွားတာလား။

သူက ဘာလို့ စိတ်ဆိုးရမှာလဲ ငါအိမ်မှာ သူအိမ်သူယာလို ‌လာနေနေတဲ့ သူကို ငါကြည့်တော့ ဘာဖြစ်လဲ။ အိမ်မှာ ပေးနေထားတာဘဲ
အကြည့်ခံရမှာပေါ့။

‌"ရှောင်းကျန့်"

"(....)"

"ခင်ဗျား ဒီလိုမျိုး မရင်းနှီးတဲ့ သူက နေစရာ မရှိလို့ နေခွင့်ပေးလို့ ပြောတိုင်း ပေးနေတာဘဲလား"

The Law Of LoveWhere stories live. Discover now