Part-2

127 12 3
                                    

(Unicode)

ဒီ ကြယ်တွေ လတွေ ကပ်ထားတဲ့ မျက်နှာကျက်က စောက်ကျိုး
နဲ ရုပ်ဆိုးချက်ဘဲ..။

ဝမ်ရိပေါ် အိပ်ယာပေါ် လှဲနေရင်း သူ မျက်လုံးဖွင့်ဖွင့်ချင်း မြင်
နေရတဲ့ စိမ်းသက်နေတဲ့ မျက်နှာကျက်ကို အားယားစွာ ဝေဖန်
နေမိသည်။

ဒီအိမ်က ဟို အရှုပ်ထုတ်ရဲ့ အိမ်ဖြစ်နိုင်သည် ကလေးဆန်ချက်
မိုးလင်းနေပြီလေ အရှုပ်ထုတ်က ငါကို အိပ်ယာပေါ် တင်
ပြီးတော့ အရှုပ်ထုတ်က ဘယ်ရောက်နေတာလဲ ဆိုတဲ့ အတွေးကိုပါ တစ်ဆက်ထဲ တွေးနေမိသည်။

*ချလောက်*

သူတွေးနေတုန်း ကြားလိုက်ရတဲ့ တံခါးဖွင့်သံကြောင့် သူ မျက်လုံး များကို ပိတ်ချလိုက်သည်။

ရှောင်းကျန့် ခြေဖော့ကာ အခန်းထဲ ဝင်လာပြီး ကုတင်ဘေး
မှာ ဝင်ထိုင်လိုက်သည်။ အိပ်နေတဲ့ ကောင်လေးက ချောမော
တဲ့ မျက်နှာလေး ရှိပြီး ဖောင်းနေတဲ့ ပါးလေးတွေက ကလေး
တစ်ယောက်လို မနေ့က လူသုံးယောက် ကို ကန်ချက်လေးနဲ့
လဲသွားအောင် လုပ်ခဲ့တဲ့ လူရမ်းကားလေး ပုံစံက ပျောက်လို့
နေသည်။

သူတွေးမိတာက...

(ချစ်စရာလေးဟ)

ရှောင်းကျန့် ကိုယ် အတွေး ကိုယ် သဘောတကျ ဖြစ်သွားကာ
ပြုံးလိုက်မိပြီး သူ့ လက်ကို မြှောက်လိုက်ကာ ထိုကောင်လေးရဲ့ နဖူးကို စမ်းဖို့ အပြင် ပွင့်လာကာ သူကို စူးစမ်းသလို ကြည့်လာတဲ့ မျက်လုံး ကြည်ကြည်လေးတွေ..။

ရုတ်တရက် ကြောင်အသွားတာ နှစ်ယောက်လုံး..

၁စက္ကန့်...

၂စက္ကန့်...

၃စက္ကန့်...

အကြည့်ချင်းဆုံနေရင်း ထိုကောင်လေးက မျက်မှောင်ကုတ်ကာ..

"လာနှိုးတာလား"

"(မဟုတ်ဘူး ငါ မင်းဖျားနေသေးလား  လာကြည့်တာ)"

သူ လက်ကို ဆန့်ထုတ်ကာ လက်ဟန် သင်္ကေတ တစ်ခုကို လုပ်ပြလိုက်တော့ ကောင်လေးက သူ့ လက်ဟန် သင်္ကေတ ကို သေချာစူးစိုက်ကြည့်ကာ သူကို ကြည့်လာသည်။

"ငါနားမလည်ဘူး"

ရှောင်းကျန့် မျက်လုံး ပေကလပ် ပေကလပ် လုပ်ကာ ကောင်‌
လေးကို ကြည့်ရင်း ကိုယ်ကိုကိုယ် အပြစ်တင်လိုက်မိသည်။

The Law Of LoveWhere stories live. Discover now