နှစ်ဦးနှစ်ကူး

Start from the beginning
                                    

"ဘယ်က တတ်လာတဲ့ အကျင့်တွေလဲကွာ အဟွန်း"

အရင်က ဖာသိဖာသာ အေးတိအေးစက် ကလေးသည် မိုးသောက်ယံ သဘောထားအမှန်ကို သိရှိပြီးနောက်ပိုင်းတွင် ကေနှင့်အပြိုင် ချွဲနွဲ့ချင်လာသည်။
မိုးသောက်ယံ ပုခုံးပေါ်က ခေါင်းလုံးလုံးလေးကို ပြုတ်မကျအောင် အသာထိန်းရင်း ထိုလက်တစ်ဖက်ကို မလှုပ်ရှားမိတော့ပေ။

လိမ္မာလာသည့် ကောင်ကလေးသည် နှစ်ဆန်းတစ်ရက်နေ့တွင် ကုသိုလ်ပြုချင်ပါသည်ဟု ပြောလာ၍ မိုးသောက်ယံ ရှိသမျှအလုပ် အကုန်ဖျက်ကာ အချိန်ပေးထားရတာ ဖြစ်သည်။

ကားမောင်းနေသူ၏ နှုတ်ခမ်းထောင့်စွန်းလေးတွေသည် မသိမသာ တွန့်ကွေးနေကာ မှီထားသည့် ခေါင်းလုံးလုံးပိုင်ရှင်လေးသည်လည်း အပြုံးတစ်ပွင့်ကို နှစ်လိုဖွယ်ဆင်မြန်းထားလေသည်။

မိသားစုသုံးယောက်ပါဝင်သည့် ကားအနက်လေးသည် ဘုန်းကြီးကျောင်းဝန်းအတွင်း ညင်သာစွာ မောင်းနှင်ဝင်ရောက်သွားတော့၏။

~*~

"ကိုကို သွက်သွက်စားလေ ဇိမ်ဆွဲမနေနဲ့ ဆယ့်နှစ်နာရီထိုးသွားမှ ကိုကိုကြိုက်တဲ့ ရွှေရင်အေး မသောက်လိုက်ရဘဲ နေမယ်နော်"

"အင်းပါ ကိုကိုသိပါတယ်ဆို!"

ဝက်သားနီချက်နှင့် ထမင်းကို ချဉ်ပေါင်ဟင်းဆမ်းကာ ရှယ်တွယ်နေသည့် ဇေရတုသည် သူ့အကြိုက်ဟင်းများဖြစ်သည်ကြောင့် ထမင်းစားပွဲကနေ တော်တော်နှင့် မထတော့ပေ။

လှုပ်တုတ်လှုပ်ယဲ့နှင့် ကိုကိုသည် ထမင်းပန်းကန်ကို ဘေစင်ထဲ သွားထည့်လိုက်သည်။

"ဟော! တစ်ခါတည်း ဆေးရမယ်လေ ကိုကို! ဘာလို့ ဘေစင်ထဲ ထည့်ထားပြန်တာတုန်း လုပ်လုပ် ဆေးလိုက်! ကိုကိုက လိမ္မာတယ် ကျွန်တော် ဒီမှာ ရွှေရင်အေး ပြင်ပေးထားမယ်နော်"

"ဆယ်မိနစ်ပဲ လိုတော့လို့ စားပြီးမှ ဆေးမလို့ပါဆို စာကြမ်းပိုးရာ! မင်း ငါ့ကို အရမ်းစိုးမိုးနေတာ မင်းကိုယ်မင်းရော သိရဲ့လား ကိုယ့်ဘာသာ‌လည်း ပြန်ပြန်မေးပါဦး ငါ့လုပ်ရပ်တွေ ကောင်းရဲ့လားဆိုတာ အကြီးကို မင်းက တအားကိုမှ ဆရာလုပ်ချင်တာ"

SpringWhere stories live. Discover now