နှစ်ဦးနှစ်ကူး

En başından başla
                                    

"ကိုကို ဘာလို လို့လဲ"

မျက်လုံးတို့ကို စေ့မှိတ်ထားခိုက် ကိုကို့ဘက်မှ လှုပ်လှုပ်ရွရွဖြစ်လာ၍ ဆည်းဆာ မှီနေရာမှ ခပ်မတ်မတ် ပြင်ထိုင်ရင်း ကိုကို့ဘက် လှည့်ရ၏။

"Coffee"

Coffeeဆိုမှ ဆည်းဆာသည် ကိုကို့အတွက် သီးသန့်ယူလာရသည့် coffeeဘူးကို ရှာဖွေရတော့သည်။ ကိုကိုက လက်ရွေးသည်။ ကိုကို့အတွက် ကော်ဖီစေ့လေးတွေကို အမှုန့်ကြိတ်ကာ ဆည်းဆာကိုယ်တိုင် သေချာအချိုးကျရောစပ်၍ ဖျော်ပေးရသည်။ ဆည်းဆာဖျော်ပေးသည့် coffeeကိုပဲ ကိုကိုက နှစ်ခြိုက်စွာ သောက်တတ်တာဖြစ်သည်။ ထို့ကြောင့်လည်း ကိုကို့အတွက် ဆည်းဆာမမေ့မလျော့စီစဉ်ရစမြဲ။

"ကိုကို"

သားမုန့်ထုတ်တွေကြား ရောက်နေသည့် ရွှေအိုရောင်ကော်ဖီဘူးလေးကို အဖုံးဖွင့်ကာ ပေးတော့ ကိုကိုက တစ်ငုံမျှ ယူသောက်သည်။

"ဟိုရောက်ရင် မင်း ကိုယ့်အနားမှာပဲ နေရမယ် ဆည်းဆာ လှစ်ခနဲ ပျောက်ပျောက်သွားရင် ကိုယ်မင်းကို လိုက်မရှာနိုင်ဘူး"

"ဟုတ်ကဲ့ ဆည်းဆာသိပါပြီ"

"ကေ သား‌ရောနော် ဟိုပြေးဒီပြေးမလုပ်ရဘူး မင်းရဲ့ဖေငယ်ဘေးမှာ ငြိမ်ငြိမ်နေရမယ်"

"ဟုတ် ဖေကြီး ခေးက ဖေငယ့်နားပဲ နေမှာပါ"

သားနှင့် ဆည်းဆာကို တစ်လှည့်စီမှာကြားပြီး ကိုကိုသည် ရှေ့သို့သာ အာရုံပြန်ရောက်သွားသည်။

ကိုကို့လက်သူကြွယ်က စိန်တစ်လုံးမြုပ်ထားသည့် ရိုးရှင်းသည့် လက်စွပ်ကလေးကို အကြည့်ရောက်တော့ ဆည်းဆာပြုံးမိရသည်။ ဆည်းဆာလက်က ကိုကိုနှင့် ပုံစံတူလက်စွပ်ကလေးကို အသာလှည့်ကာ ကစားရင်း ဆည်းဆာ ကိုကို့ပုခုံးပေါ် ခေါင်းလေး စောင်းကာ တင်မိသည်။ တိုးတက်လာသည့် ကိုကိုနှင့် သူ့အကြားက ဆက်ဆံရေးတွင် တချို့အရာတွေကို ခွင့်တောင်းစရာမလိုဘဲ ကိုကိုက အလျော့ပေးလာခဲ့သည်။

"အိပ်ရေးမဝဘူးလား ဆည်းဆာ ညက ဘယ်အချိန်အိပ်လို့လဲ"

"ညက အစော အိပ်ပါတယ် ကိုကိုကလည်း အခုက ဒီတိုင်း ဟို.. မှီထားချင်လို့"

SpringHikayelerin yaşadığı yer. Şimdi keşfedin