Ch-3

231 39 0
                                    

အခန်း(၃) - အိုး... နူးညံ့သိမ်မွေ့တဲ့ မိထွေးလေးက ဆော့ကစားချင်စရာလေးပါလား

ထိုလူငယ်ကောင်လေးများ စကားပြောနေသည်ကို ရှန်းမူမူတစ်ယောက် နားထောင်နေရင်း ကျေနပ်သယောင် ရှိပေမဲ့ စိတ်ထဲသဘောမတွေ့သလို ဖြစ်မိသည်။

ဝတ္ထုအရ ချီရှောင်ပိုင်သည် လူကြီးများ၏ ဂရုစိုက်မှုကို လိုချင်သဖြင့် တမင်တကာ ဆိုးသွမ်းပုန်ကန်ပြနေခြင်း ဖြစ်သည်။

ဒီနေ့တွင် သူ့သူငယ်ချင်းများ ခေါ်လာသည်မှာလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်ပေမည်။

ထိုအချိန်တွင် ချီရှောင်ပိုင်သည် အပေါ်ထပ်လှေကားကို လှမ်းကြည့်လိုက်သည်။

သူ့အကြည့်သည် ရှန်းမူမူ၏ နောင်တရသဖွယ် ချစ်ခြင်းမေတ္တာနှင့် ပြည့်နေသော အကြည့်နှင့် သွားဆုံခဲ့သည်။

သူတို့အကြည့်ချင်းဆုံပြီးလျှင် ရှန်းမူမူသည် သူမ၏ နှုတ်ခမ်းပါးမှာ ပြုံးယောင်သန်းနေပါသည်။

ချီရှောင်ပိုင်မှာ ခဏတာ တုံ့ဆိုင်းသွားခဲ့သည် - "?"

ထိုလူငယ်လေးများ၏ အာရုံစိုက်စရာ တစ်ခုတည်းဖြစ်သောအရာမှာ ချီရှောင်ပိုင်၏ မျက်နှာအမူအရာပင် ဖြစ်ပေသည်။

ထို့ကြောင့် ချီရှောင်ပိုင်၏အမူအရာကို သတိထားမိကာ သူကြည့်ရာသို့ ထိုလူငယ်များက လှမ်းကြည့်လိုက်ရာ ရှန်းမူမူကို တွေ့သွားကြသည်။

သို့သော်လည်း အထက်တန်းကျောင်းသားအရွယ်သာ ရှိသေးသော ကောင်လေးများသည် အရွယ်ရောက်လူကြီးများကို ကြောက်ရွံ့ကြသည်။ သူတို့သည် ချီရှောင်ပိုင်၏ မေမေလေးအကြောင်း အတင်းပြောနေကြသော်လည်း တကယ့်လက်တွေ့တွင် လူချင်းတွေ့လိုက်ရသောအခါ သူမအပေါ် ထားရှိသော ရိုင်းစိုင်းမှုများကို ဖုံးကွယ်လိုက်ကြသည်။

တစ်ယောက်သော လူငယ်လေးက ချီရှောင်ပိုင်၏ ပုခုံးကို ပုတ်လိုက်ပြီး မေးလိုက်ပါသည်။

"ချီရှောင်ပိုင်၊ အဲ့မမလှလှလေးက ဘယ်သူလဲ"

ချီရှောင်ပိုင်သည် ထိုလူငယ်လေးကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်ပြီး အေးစက်သော လေသံဖြင့် ပြန်ဖြေလိုက်လေသည်။

ရှင်ရှာသမျှ ပိုက်ဆံ ကျွန်မ သုံးဖြုန်းပေးမယ်Where stories live. Discover now