"ဟုတ် ရပါတယ် "

"အားနာစရာကြီး တို့ကျွေးပါမယ် အားလုံးလိုက်ခဲ့ကြမလား"

"မလိုက်တော့..." "လိုက်မယ်လိုက်မယ်"

ဟေမာတစ်ယောက်တားချိန်တောင်မရလိုက်။မြင့်မိုရ်တစ်ယောက် ဟေမာ့လက်ဆွဲပြီး ကန်တီးဘက်သို့ ‌ဦးတည်လေသည်။

နှင်းယုနဲ့ အိန္ဒြာ နှစ်ယောက်တည်း လမ်း၌ကျန်ခဲ့သည် ။သွန်းကဗျာ  နှင့် လဝန်းတို့မှာ စာကြည့်တိုက်သွားကြသည်။

"ဒါနဲ့ အခုမှ မိတ်ဆက်ပေးပါရစေ"

" တို့နာမည်က ရွှေအိန္ဒြာပါ အိန္ဒြာလို့ခေါ်လို့ရပါတယ်"

"ဟုတ်ကဲ့ နှင်းယုလို့ခေါ်ပါတယ်ရှင်"

ပြုံး၍နှုတ်ဆက်လာသောကြောင့် အိန္ဒြာပါ ပြုံးမိသည်။

"တကယ်တော့လေ ပွင့်ပွင့်လင်းလင်းပြောတက်တဲ့  အကျင့်လေး  ရှိတော့ သည်းခံပါနော်"

"တို့က ဘာဖြစ်ဖြစ် လက်ခံနိုင်ပါတယ်"

"ဒီလိုပြုံးတော့လည်း အိန္ဒြာက ကြောက်ဖို့မကောင်းပါဘူး"

"အာာ မဟုတ်တာ နှင်းယုရယ်"

အိန္ဒြာရှက်၍ မျက်နှာနီသွားသည်။

"ဟောာ မျက်နှာတွေနီတာပဲ "

"အာာ  ဟုတ်လား နှင်းယုက တို့ကို ပထမဆုံး မျက်နှာနီအောင် လုပ်တဲ့သူပဲ"

"ဟမ် တကယ်လား"

"ဟုတ်ပါတယ်"

အိန္ဒြာတို့ စကားတပြောပြောဖြင့် ကန်တီးဆိုင်ရောက်ခဲ့သည်။ကန်တီးမှာ လူများစည်းကားသည်။အကြောင်းမှာ အိန္ဒြာ လာမည်ဟု ဆိုသော‌ကြောင့်ဖြစ်သည်။

ဟေမာတို့ကို လှမ်းရှာရာ မုန့်များဖြင့် တစ်ဝိုင်းဝိုင်းထားသည်။

"စားထားနှင့်နော် တို့ဖုန်းပြောစရာလေးရှိလို့"

"ဟုတ်"

ဟေမာကို မုန့်ကျွေးပေမဲ့ နှင်းယုတို့ဆီ စိတ်ရောက်နေသဖြင့်  ဟေမာမစားချင်။

"ဟို စားတက်ရဲ့လား?ကျောင်းကမုန့်တွေနဲ့ အဆင်ပြေရဲ့လား မသိဘူး"

မြင့်မိုရ် ရယ်ကျဲကျဲလေး‌ဖြင့်မေးတော့

"ဟုတ် နှင်းယုက ပုံမှန်ဆို ကျောင်းကမုန့်တွေနဲ့ သိပ်မရင်းနှီးဘူး စားလို့ကောင်းပါတယ် အဆင်ပြေတယ်"

"ဒါဆို ထမင်းဘူးထုတ်လာတာလား?"

"ဟုတ်တယ် နှင်းယုက အမြဲတမ်း အမေနဲ့ပဲ ထမင်းစား....."

"ဟမ်!အမေ?"

"အဲ...ဟုတ်...ဟုတ်ပါတယ်"

"အမေဆိုတော့ ဆရာမပေါ့နော် ဘယ်ဘာသာသင်တဲ့ဆရာမလဲ"

"နှင်းယုရဲ့ အမေက တခြားသူတော့ မဟုတ်ပါဘူး"

"အမ် မြင့်မိုရ်တို့သိတဲ့ ဆရာမဆိုမိုက်ပြီဟေ့"

ဟေမာလည်း စိတ်ဝင်စားဖွယ် နားစွံ့လိုက်သည်။

"ဟို နှင်းယုအမေက တီချယ်ဒေါ်နှင်းမေပါ"

"ဟမ်!!!" "ဟာာာ!"

ဟေမာတို့နှစ်ယောက်သားမျက်လုံးအပြူးသားဖြစ်ပြီးလန့်သွားပုံရသည်။ပါးစပ်ထဲက အစာထွက်မကျရုံနီးပါး....

"ဟမ် ငါနားကြားလွဲနေတာလား ဟေမာ"

"အေ ငါ့နားလည်း ဘာဖြစ်သွားလဲမသိဘူး"

"ဟို နှင်းယုရေ တကယ်ပဲလား နောက်နေတာတော့မဟုတ်ပါဘူးနော်"

ဟေမာ စိတ်ထဲ၌ကုန်းပြီးဆုတောင်း‌နေရသလို အမှန်မဟုတ်ပါစေနှင့်ဖြင့်။

"အော်အေ နောက်နေတာမဟုတ်ဘူးဟ ဟေမာရေ ငါအခုပဲ တွေးမိတယ်"

"ဘာကိုလဲ"

"တီချယ့်နာမည်က ဒေါ်နှင်းမေလေ အဲ့တော့ သူ့သမီးက နှင်းယုပေ့ါဟ"

"အော်အေ ဟုတ်တယ်နော် မဆိုးပါဘူး ငါ့သူငယ်ချင်းက"

"ဟို အဲ့တာဆို နေ့တိုင်း တီချယ်နှင်းနဲ့ ထမင်းစားကြတာလား?"

"ဟုတ်ပါတယ်ရှင့်"

ထိုအချိန်တွင် အိန္ဒြာပြန်ရောက်လာသည်။မျက်နှာမှာစိတ်ရှုပ်နေဟန်ရှိသည်။

"ဟို ဒါနဲ့လေ မင်း Facebook သုံးသလားမသိဘူး"

"ဟုတ်ကဲ့ သုံးပါတယ်ရှင့်"

"ဟုတ်ပြီ တို့ကို ပေးလို့ရမလား"

"အမ်...ဟုတ်...ဟုတ် ရပါတယ်"

နှင်းယုဖုန်းလေးကိုထုတ်ပြီး acc ပေးလိုက်သည်။အိန္ဒြာ တစ်သတ်နှင့်တစ်ကိုယ် မလုပ်စဖူးတွေလုပ်နေတော့ တစ်ခုခုဖြစ်တော့မည်ဟု ကြက်သီးထမိသည်။သူ့ဘက်က လိုလိုလားလားတွေလုပ်နေတော့ သရဲများဝင်ပူးနေသလားလို့ မေးလိုက်ချင်သည်။

အိန္ဒြာ ချက်ချင်း add သည်။ နှင်းယုလည်းလက်ခံလိုက်သည်။

"ဒါဆို တို့ကို ခွင့်ပြုပါဦးနော်"

"ဟုတ်ကဲ့ပါရှင့်"

ထိုအဖြစ်အပျက်မြင်ကွင်းကို မြင်သော တစ်စုံတစ်ယောက်နှင့် ဟေမာတို့၏ ရင်ဘက်ထဲမှာ ဗြောင်းဆန်နေကြသည်။ငိုချင်နေသော ခံစားချက်နှင့် ပိုင်ဆိုင်လိုစိတ်ပြင်းပြလာသော ခံစားချက်တို့ ဖြစ်ပေါ််လာကြသည်။

I Fell In Love At First Sight Where stories live. Discover now