ရှက်ရမ်း ရမ်းကာ ဆတ်ခနဲ မော့လိုက်တာကြောင့် တော်ဝင် မေးစေ့နှင့် နှောင်းငြိမ့်မြူ၏နှဖူးက ဒုန်းခနဲ မိတ်ဆတ်သွားတာကြောင့် တော်ဝင် အိပ့်ချင်နေသေးသည့်စိတ်တွေတောင် ကြက်ပျောက် ငှက်ပျောက်။
စောက်ကလေး!

ငြိမ့် ခပ်မြန်မြန် ခြင်ထောင်အပြင်သို့ထွက်လိုက်ပြီး ရေချိုးရန် သပတ်သာလိုက်ရှာနေသည်။
ဘုရားရေ!ငါ...ယောကျာ်း တစ်ယောက်ကြောင့်ရင်ခုန်နေတာလား!

"........"

"မင်းကို နာအောင် ပြန်လုပ်မှ ငါ့အပြစ်မပြောနဲ့နော် နှောင်းငြိမ့်မြူ!"

ခြင်ထောင်ထဲတွင် ထိသွားသည့် သူ့မေးစေ့အား ပွတ်ကာ ငြိမ့်အား စူးစူးကြည့်ပြီး လှမ်းအော်နေသူကို မျက်စောင်း ဆတ်ဆတ် တစ်ချက်ထိုးပေးလိုက်ကာ အခန်းအပြင်သို့ ထွက်လာလိုက်သည်။

တစ်ဖက်တွင်တော့ ထွက်သွားသည့် ငြိမ့်ကျောပြင်အားကြည့်ကာ တော်ဝင်တစ်ယောက် ပွစိပွစိဖြစ်ကာ ကျန်နေခဲ့ပြီး အခန်းအပြင်ထွက်သွားပြီဖြစ်သည့်နှောင်းငြိမ့်မြူကတော့ အသည်းထဲကလှိုက်ကာဖြစ်ပေါ်လာသည့် အပြုံးချိုချိုလေးတစ်ခုကတော့ကမျက်နှာ လှလှလေးပေါ်တွင် နေရာယူပြီးနေသည်။
ထို အပြုံးလှလှလေးကိုတော့ မင်းတော်ဝင်မှိုင်း ဆိုသူ မမြင်လိုက်ရပါ။

_____________________

"လူလေး....လာကွာ မနက်စား လာစား။မင်း အရီးလေးလက်ရာ"

"ဟုတ်ကဲ့အဘ"

အိမ်ခန်းထဲမှထွက်လာတော့ အရှေ့တွင် ထမင်းဝိုင်းကဆီးကြိုသည်။

"စား...ထည့်စား။အားမနာနဲ့ လူလေး စားသာစား"

"ဟုတ်ကဲ့ပါ အဘ"

တော်ဝင် ထမင်းပန်းကန်ထဲသို့ ဖောဖောသီသီ ဟင်းတွေခပ်ထည့်ပေးနေသော ဒယ်ဒီ့သူငယ်ချင်းအား ပြုံးပြကာ စားလိုက်သည်။

ဒီလို နွေးထွေးမှု့မျိူး မရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။

"အဘ....သားကိုလဲ ထည့်ပေးလေဗျာ..."

"နှောင်းငြိမ့်...ဧည့်သည်လဲမဟုတ်ပဲနဲ့ ငါ့သားရာ မင်းကလဲ"

"ဟွန်!"

စကားနိုင်ထိုးနေသူများ တော်ဝင် တစ်ချက်ကြည့်လိုက်သည်။မျက်လုံးထောက်နေသည့် ခပ်ရှည်ရှည် ရှေ့ဆံပင်လေးများအား သိမ်းစီးထားကာ စပိုရှပ် အဝါလေးနှင့် ပိုကီမွန်ပုံ jj ဘောင်းဘီအဝါရောင်အားတွဲဝတ်ထားသည်မို့ သူအသားအရောင်နှင့် လင်းဟက်ဟက် ဖြစ်နေသည်။အသားဖြူသူမို့ ပါးမို့မို့လေး၂ဖက်မှာ ခပ်ရဲရဲ။
ငါ၁၈နှစ်လောက်တုန်းက အဲ့လောက်ချစ်ဖို့မကောင်းခဲ့ပါဖူး!

My Possessive LovelyWhere stories live. Discover now