CH / 02

278 37 7
                                    

အချစ် ။

ရှောင်းအိမ်တော်ရဲ့ဖူးဖူးမှုတ်ခံထားရတဲ့ မာနမင်းသားလို့တင်စားရသော ရှောင်းသခင်လေး ရှောင်းကျန့်သည် ငွေထက် အချစ်ကို ဒုတိယဘုရားသခင်လို့ မှတ်ယူပြီး အကြွင်းမဲ့ယုံကြည်ကိုးကွယ်ခဲ့သည် ။

သူ့ကိုငယ်စဥ်ကတည်းကချစ်လာခဲ့ကြတဲ့ ဦးလေးတွေရဲ့စကားတွေကို မျက်ကွယ်ပြုခဲ့တဲ့အထိ ဦးလေးတွေအကုန်သူ့ကိုမုန်းသွားကြပြီး ဥပေက္ခာပြုချင်သွားလောက်သည့်အထိ အချစ်ဆိုတဲ့နာမ်စားအပေါ်ကို သူရူးသွပ်ခြင်းများစွာနဲ့ရူးသွပ်ခဲ့သည် ။

ထိုသို့ မိုက်ရူးရဲဆန်ဆန်သူရူးသွပ်ခဲ့လို့ သူပြန်ရခဲ့တဲ့အရာတွေအားလုံးဟာလည်း သူမျှော်မှန်းထားသလိုတစ်ခုမှမလှပခဲ့ပေ ။

သူ့ကိုသိပ်ချစ်ပါတယ်ဆိုတဲ့ယောကျ်ားဟာ သူ့ကိုပိုက်ဆံကြောင့်လက်ထပ်ခဲ့ပြီး သူသိပ်ခင်ရပါတယ်ဆိုတဲ့သူငယ်ချင်းကလည်း ခင်မင်ခဲ့တဲ့သံယောဇဥ်ကိုမှမထောက် သူ့နောက်ကျောကိုဓားနဲ့လှလှပပထိုးနှက်ခဲ့သည် ။

လေပြေလေးတစ်ဖြတ် ပြောင်းလဲသွားတဲ့ အခြေအနေ ။ ချစ်သူကနေ ရန်သူအဖြစ်ပြောင်းလဲသွားတဲ့သူတွေ ။ နောင်မှရလိုက်တဲ့နောင်တထဲ မျောပါသွားခဲ့တဲ့ သူ့အပေါ်တကယ်ထားခဲ့ကြတဲ့ သူ့ဦးလေးတွေရဲ့အစစ်အမှန်မေတ္တာတွေကိုပဲ သူအရမ်းနှမျောမိသည် ။

" ကျန့်အာ စိတ်ကူးမမှားစမ်းပါနဲ့ "

" ကျန့်အာ မရူးမိုက်စမ်းပါနဲ့ "

" ကျန့်အာ ဦးလေးတို့ကိုကြည့်ပါဦး "

" ကျန့်အာ မင်းတကယ်ဆုံးဖြတ်ပြီးပြီလား "

မှောင်ပိတ်နေသောအမှောင်ထုထဲပိတ်မိနေရာမှ နားထဲဆူညံ့စွာကြားရသောစကားသံတို့ကြောင့် ရှောင်းကျန့် မျက်လုံးတစ်စုံကိုဖွင့်ကြည့်ရန်ကြိုးစားလိုက်သည် ။

မှိတ်ထားသောမျက်ဝန်းတစ်စုံကိုကြိုးစားဖွင့်လိုက်သည်နှင့် သူ့ကိုစိုက်ကြည့်နေသောဦးလေးတို့ကိုတွေ့လိုက်ရတာမို့ ရှောင်းကျန့် အံ့သြခြင်းများစွာနဲ့ မျက်ဝန်းအတွင်းပုလဲမျက်ရည်ကြည့်တို့လှိုက်ခနဲဝေ့တက်သွားခဲ့သည် ။

You've reached the end of published parts.

⏰ Last updated: Jun 03 ⏰

Add this story to your Library to get notified about new parts!

|| REBIRTH FOR YOU ||Where stories live. Discover now