BL Couple ( Zawgyi ) 2

Začít od začátku
                                    

" ခင်ဗျားပါးစပ် ပိတ်ထား! "

" ဟေ့ ဟေ့.. နင်တို့ရန်မဖြစ်ချင်ကြနဲ့... ဒီမဏ္ဍပ်က အကုန်ငါတို့လူတွေချည်းပဲ... ဆွဲကြရုန်းကြဆိုရင် နင်တို့ပဲ ရှုံးမှာ... နှစ်သစ်ကူးမှာ ရန်မဖြစ်ချင်ကြစမ်းနဲ့.... အငယ်ကောင် သွားမယ် "

" တောက်! "

ပိတောက်မောင် တောက်တစ်ချက်ခေါက်၍ အကြည့်စူးစူး မျက်စောင်းတစ်ချက်ကို ထိုလူတွေဆီပစ်လွှတ်ကာ ငုဝါမောင် ဆွဲခေါ်ရာနောက် ပါသွားသည်။ ရန်မဖြစ်ချင်၍သာ သည်းခံလိုက်ရသည်။ စိတ်ထဲတွင်တော့ ဟိုတစ်ယောက်ကို စိတ်ရှိလက်ရှိ ခေါင်းရိုက်ခွဲပစ်ချင်နေသည်။ လူကို ချာတိတ်ဟုလည်း ခေါ်သေး၊ နုနုဖက်ဖက်နဲ့မို့ မိန်းကလေးလို့ ထင်သွားတာတဲ့။ သူကျတော့ ဖြူဖပ်ဖြူရော်နဲ့ ဘာထူးလို့လဲ။

" မင်းတို့ကလည်း ယောက်ျားလျာနဲ့များ မှားရတယ်လို့... "

" မင်းကလည်း ငါတို့လည်း ဘယ်သိပါ့မလဲ... ဒါပေမဲ့ တော်တော်စိတ်ဆိုးသွားတာနော်... ဟား ဟား ဟား "

တဟားဟား အော်ရယ်နေကြသည့် အသံများက ပိတောက်မောင်ကို တမြည့်မြည့် ဒေါသထွက်နေစေသည်။ ဘာတွေမို့လို့ သူများကို လှောင်နေပြောင်နေ စွက်ဖက်နေကြတာလဲ။ ပိတောက်မောင်က အနေသာအေးတာ၊ သူ့ကို နွဲ့သည်၊ မိန်းကလေးနဲ့တူသည်ဟုပြောလျှင် နည်းနည်းမှမကြိုက်။ တကယ်လည်း ကနွဲ့ကလျပုံစံမျိုး ဟုတ်မနေပါ။ ကျောင်းသားဖြစ်၍ အနေသပ်ရပ်ပြီး အသားဖြူ၍ နုနေရုံပါ။ ကျောင်းတွင်လည်း ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ပင်။

ငုဝါမောင်တစ်ယောက်ကိုသာ ပြောမနိုင်လို့ ဘာပြောပြော ငြိမ်ခံနေခြင်းသာ။ တစ်ခါက ကျောင်းမှာ သူ့ကိုအခြောက်ဟု ခေါ်သဖြင့် ကျောင်းသားတစ်ယောက်အား လက်သီးစာကျွေးလိုက်သဖြင့် ရုံးခန်းရောက်ဖူးသေးသည်။ ထို့ကြောင့် ယခု ရန်မဖြစ်ခင် ဆွဲခေါ်လာရခြင်းဖြစ်သည်။ သည်မောင်တစ်ယောက်နဲ့တော့..... ပြန်သွားပြီလား မသိဘူး။
.
.
.

ထို မနက်ကကိစ္စကို အခုချိန်ထိ စိတ်ထဲတွင် အခဲမကျေနိုင်ပါပေ။ ညပိုင်းဖျော်ဖြေရေး အစီအစဉ်တွင် သီရိနွယ်၏ တောင်းဆိုမှုကြောင့် ပိတောက်မောင်တို့ မောင်နှမသုံးယောက် သီချင်းဆိုရသေးသည်။

Fall In Love During THINGYAN ( Completed )Kde žijí příběhy. Začni objevovat