Normal Couple ( Unicode ) 4

107 5 0
                                    

အကျနေ့တွင်တော့ ကံ့ကော်မောင် အတာနွေမဏ္ဍပ်သို့ အစောဆုံးဖြစ်အောင် လာသည်။ သီရိနွယ်နဲ့ ငုဝါမောင်တို့၏ စီစဉ်မှုထဲမှာ စိတ်လိုလက်ရ ပါဝင်လှုပ်ရှားပေးနေသည့် ကိုယ့်ကိုယ်ကိုလည်း သိပါသည်။ ခဏလောက်တော့ နှလုံးသားကို ကျေနပ်ခွင့်ပေးပါရစေ။

သိပ်မကြာပါဘူး၊ နွယ်ဦးမေတစ်ယောက် အတာနွေသို့ ရောက်လာသည်။ စောစောလာဟု‌ သီရိနွယ်က ပြောထားသဖြင့် အစောကြီးလာရ၍ ရေပင်မစို‌သေး။ သူရောက်လာတော့ အခြားသူများက မဏ္ဍပ်သို့ မရောက်ကြသေးဘဲ ကံ့ကော်မောင် တစ်ယောက်တည်း ရှိနေတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် ကံ့ကော်မောင်ရှိနေသည့် မဏ္ဍပ်နားက သပြေဘူတပင်အောက်သို့ သွားလိုက်သည်။ အစောကြီးခေါ်တုန်းကခေါ်ပြီး တစ်ယောက်မှလည်း မရှိကြပါလား။

" အစ်ကို တခြားသူတွေရော မရောက်သေးဘူးလား "

" အင်း သူတို့က ခဏနေမှ သီရိတို့နဲ့ လာကြလိမ့်မယ် "

" ဪ... အင်း ဒါနဲ့ အစ်ကို.... "

" ဒီနေ့တော့ နွယ့်ကို ပထမဆုံးရေလောင်းတဲ့သူ ဖြစ်ခွင့်ရှိမလား "

လက်ထဲတွင် ငွေဖလားတစ်ခွက် အဆင်သင့်ကိုင်ထားသော လက်ကတုံးလက်ရှည်အဖြူနဲ့ ပုဆိုးလေးဝတ်ထားသည့် ကံ့ကော်မောင်က ရှင်းသန့်ခန့်ညားနေသည်။ သူရောက်သည်နှင့် ခွင့်တောင်းစရာမလိုဘဲ ရေလောင်းလို့ရပါလျှက် ခွင့်တောင်းသည့် လူကြီးလူကောင်းဆန်သော အပြုအမူကြောင့် ရင်ထဲတွင် ကြည်နူးမိသွားသည်။

" ဟုတ် ရပါတယ်... ရေတစ်ဝက်လောက်တော့ ချန်ထားပေးဦးနော် "

" ဘာဖြစ်လို့လဲ "

" အစ်ကို့ကိုလည်း ရေလောင်းမလို့လေ "

ကံ့ကော်မောင် သဘောကျစွာ ပြုံးရယ်လိုက်သလို၊ နွယ်ဦးမေကလည်း လှလှလေး ပြုံးရယ်ပြလျှက် ရှိသည်။ ဖလားတစ်ခွက်၊ ရေတစ်ဝက်နဲ့ အတာရေရော၊ ရင်ခုန်သံတွေရော နှစ်ကိုယ်စာ လုံလောက်ပါရဲ့။

အကျနေ့ညနေပိုင်း ဖျော်ဖြေမှုအစီအစဉ်လေးမှာတော့ သီရိနွယ်၏ တောင်းဆိုမှုကြောင့် ကံ့ကော်မောင်တို့ မောင်နှမသုံးယောက်လုံး သီချင်းဆိုရလေသည်။

Fall In Love During THINGYAN ( Completed )Where stories live. Discover now