အပိုင်း(၇၇)

Start from the beginning
                                    

"အဆင်ပြေပါတယ်။ နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် သူဌေး"
မိန်းကလေးငယ်‌လေးများ၏ စိတ်နေစိတ်ထားက လျင်မြန်စွာ ပြောင်းလဲလွယ်ပြီး ချစ်စဖွယ်ကောင်းသည်ဟု ထင်မိသည်။

မုရှောင်ယွမ်က စိတ်အခြေအနေ တည်ငြိမ်သွားသောအခါ ယွမ်ကျိုးကို ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ပြီးနောက် ရွှန်းလဲ့နက်မှောင်သော မျက်ဝန်းများဖြင့် ယွမ်ကျိုး ရှောင်လုံပေါင်း သယ်လာသော နေရာကို သွားရည်ယိုကာ ကြည့်လိုက်သည်။

"သူဌေး၊  ရှောင်လုံပေါင်း ဖက်ထုပ် စွပ်ပြုတ်က တကယ် အရသာရှိလား" မုရှောင်ယွမ်၏မျက်ဝန်းတွင်  လိုချင်တပ်မက်မှုနှင့် စူးစမ်းလိုစိတ်များ ပြည့်လုမတတ် ဖြစ်နေသော်လည်း သူမသည် ၎င်းခံစားချက်တို့ကို ထိန်းချုပ်ကာ မေးမြန်းလိုက်သည်။

"ဟုတ်တယ်၊ ငါ့ လက်ရာတွေက တော်တော်စားကောင်းတယ်။ ဒါကလည်း  အချက်အပြုတ် ကျွမ်းကျင်လို့လေ” ယွမ်ကျိုးက သူမကို သေချာသော အဖြေတစ်ခုပေးခဲ့သည်။

"ဒါပေမယ့် နေ့တိုင်း  ရှောင်လုံပေါင်း ဖက်ထုပ် အခု ၁၀၀ လုပ်တယ်လို့ သူဌေးပြောခဲ့တယ်နော်။ အခု ရေတွက်ကြည့်လိုက်တော့ ၉၈ခုပဲရှိတယ်” မုရှောင်ယွမ်က စိတ်ဝင်တစား မေးမြန်းသည်။

"ဟုတ်တယ်၊ ကျန်တဲ့ နှစ်ခုကို ငါ စားလိုက်တယ်”  လိုလီမလေး မုရှောင်ယွမ်၏မျက်ဝန်းတွင် စိတ်အားထက်သန်သောအကြည့်များ လွှမ်းမိုးနေ၍  ယွမ်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

“အို့စ် တကယ်လား”

“ဒါဆိုရင် ကျွန်မလည်း အရသာ မြည်းစမ်းကြည့်လို့ ရလား” ဟူသော စကားလုံးကို သူမ၏ မျက်နှာအနှံ့ ရေးထားသော်လည်း ယွမ်ကျိုးက သူမကို စားခွင့်မပြုကြောင်း သတိပြုမိ၍ မုရှောင်ယွမ်က တိုးညှင်းသော လေသံဖြင့်သာ တုံ့ပြန်နိုင်ခဲ့သည်။

တကယ်တမ်း မုရှောင်ယွမ်က ယွမ်ကျိုးကို အခွင့်ကောင်းယူချင်သော ဆန္ဒမရှိပေ။ သူ့အိတ်ကပ်ထဲမှာ ပိုက်ဆံ အလုံအလောက်ရှိခဲ့လျှင် ဝယ်စားခဲ့သည်မှာ ကြာပါပြီ။ ဖောက်သည်တိုင်း၏ မျက်နှာပေါ်မှ ကျေနပ်အားရသော အမူအရာ နှင့် မွှေးကြိုင်လွန်းသော ဖက်ထုပ်ရနံ့ကြောင့် မုရှောင်ယွမ်မှာ တစ်မနက်ခင်းလုံး တံတွေး ၁ ကီလိုမီတာခန့် မျိုချခဲ့ရသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now