အပိုင်း(၇၄)

Start from the beginning
                                    

မနက် ၉ နာရီ ၄၀ လောက်မှာ မိန်းကလေးတစ်ယောက်က ဆိုင်ရှေ့ ရောက်လာသည်။ သူမက  ကျောပိုးအိတ်ကို လွယ်ပြီး ကိုင်ဆောင်ထားပြီး ဆံပင်ခပ်မြင့်မြင့်စီးကာ မြင်းမြီးပုံစံ ဆံပင်ချထား၍   နုပျို တက်ကြွသော သွင်ပြင်ကို ပေါ်လွင်စေသည်။ သူမ၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ခြင်းအားဖြင့် သူမဟာ ကောလိပ်ကျောင်းသူ ဖြစ်ပုံရသည်။

သူမသည် အချိန်ပိုင်းအလုပ်ရှာနေပုံရသည်။ ယွမ်ကျိုးက သူမကို စိုက်ကြည့်နေသည်။ တံခါးပေါ်ရှိ ဝန်ထမ်း အလိုရှိသည်ဟုသော စကားလုံးက သိသာထင်ရှားနေပြီး သူ့လောက် လစာကောင်းကောင်း ပေးနိုင်သည့် စားသောက်ဆိုင်မျိုး အနီး အနားတွင် မရှိဟု ယုံကြည်သည်။

မျှော်လင့်ထားသည့်အတိုင်း မကြာခင်မှာပဲ ကောင်မလေးက ယွမ်ကျို၏ စားသောက်ဆိုင်တံခါးကပ်ထားသော A4စာရွက်ကို
သတိထားမိသွားသည်။ 

ခဏကြာပြီးနောက် ကောင်မလေး၏မျက်ဝန်းများက အံ့အားသင့်သော အပြုအမူကို ဖော်ပြသည်။ သူမက စားသောက်ဆိုင်အတွင်းဘက်ကို အကဲခတ်နေသည်။

သူမက အနွေးထွေးဆုံးအပြုံးကို ဆင်းမြန်းကာ ဆိုင်ထဲ ဝင်လာခွင့် ရှိလား မျက်စပစ်သည်။ သို့သော် လည်း ကောင်မလေးက စိတ်ပျက်သော အမူအရာဖြင့် ထွက်ပြေးသွားသည်။

ကောင်မလေးက ဝံပုလွေ အလိုက်ခံရသော ယုန်သကဲ့သို့ အလျင်အမြန် ထွက်ပြေးသွားသည်။ သူမက ထွက်ပြေးနေစဉ် နောက်လှည့်ကြည့်ရန် မမေ့လျော့ခဲ့ပေ။ သူဌေးယွမ်က သူ့နောက် လိုက်မလာမှ စိတ်အေးလက်အေး သက်ပြင်းချမိသည်။

ခံစားချက်ကင်းမဲ့သော သူဌေးယွမ်က ထွက်ပြေးသွားသော ကောင်မလေးကို တွေတွေကြီး ငေးကြည့်နေမိသည်။ သူ့နှလုံးသား တစ်စစီ ပြိုကွဲရသည်။ သူက အေးတိအေးစက် မော်ကြွားစွာ ပြုမူတတ်၍ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်သော သဘောထားကို ထုတ်မပြတတ်ပေ။

ယွမ်ကျိုးက ခပ်တင်းတင်း မျက်နှာအမူအရာဖြင့် သူ့ရင်ဘတ်အိတ်ကပ်ထဲမှ  မှန်သေးသေးလေးကို ထုတ်လိုက်သည်။ ထို့နောက် သူသည် မှန်ထဲတွင် ဆိတ်ဆိတ်နေကာ သွားများကို လှစ်ဟာလိုက်စဉ် သူ့ရုပ်ရည်က  အမှန်တကယ် ကြည့်မကောင်းကြောင်း သိရှိသွားသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now