Part : 17

862 82 13
                                    

I couldn't survive without you , Ko Ko .

လွမ်းရက်ကို အချိန်တွေက တိုက်စားသွားခဲ့လေပြီ။ ရာသီကာလတွေကူးပြောင်းပြီးခဲ့တဲ့အခါ .. အရာအားလုံးဟာ နေသားတကျနှင့်။

"အန်ဒရီ့ဆီက စာလာတယ် သားနွေ"

"ဒါ .. အစောင်ရေ ၅၀ မြောက်"

ဟောင်းနွမ်းညစ်ထွေးနေပြီဖြစ်တဲ့ လက်ရေးစာတွေဟာ အခုတော့လည်း တစ်စောင်တလေမျှ ရောက်မလာခဲ့တော့ပါ။

တစ်လတစ်ခါ ရောက်လာနေကျ စာလွှာလေးတွေကို တာဆီးလိုက်သူမှာ သူသာဖြစ်၏။ တစ်ပတ်တစ်ခါလောက် မြည်တမ်းလာတဲ့ ဖုန်းမှာလည်း အခုချိန်မှာတော့ တဖြည်းဖြည်းတိတ်ဆိတ်လို့လာခဲ့လေပြီ။

ယခင်အချိန်များမှာတော့ သတိရကြောင်း စာလွှာလေးတွေကို ဖွင့်ဖောက်ရတဲ့အခါ ခံစားချက်လေးက ချိုချိုမြမြ။ ပြန်စာတွေမရှိပေမယ့်လည်း ရေးခြစ်ကာ ပို့ပေးနေတဲ့ စာလွှာလေးတွေကြောင့်နဲ့ လွမ်းနွေရဲ့ နေ့တွေ၊ညတွေဟာ အရာအားလုံး ပြီးပြည့်စုံနေခဲ့သလိုမျိုး။

မတောက်တခေါက် မြန်မာစာလုံးလေးတွေကို မြင်ရသည့်အခါ လွမ်းရလွန်းလို့ မျက်ဝန်းတွေတောင် ဝေဝါးသွားခဲ့ရပြန်သေးသည်။

အဲဒီနေ့တစ်နေ့သာ မရှိခဲ့ရင် .. သူ့ဘက်က ပြန်စာကလေးဟာ ချစ်ကြောင်းတွေဖြင့် ပြည့်သွားမိတော့မလိုပါပဲ ..

အဲဒီနေ့က လွမ်းနွေကို မေမေက ကရုဏာမျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။

"သားနွေ"

"ဟုတ်ကဲ့မေမေ"

လွမ်းနွေက သူတို့အိမ်ခြံဝန်းထဲမှာ စာအုပ်အငှါးဆိုင်လေးဖွင့်လှစ်ထားခဲ့သည်။ ကျူတာဆက်လုပ်ဖို့ မသင့်တော့တဲ့အခါ ပညာတွေ ဝေငှချတဲ့ ဆရာအလောင်းအလျာလေး လွမ်းနွေက စာအုပ်အငှါးဆိုင်လေးကို ဖွင့်မိတော့တာပါပဲ။

မိခင်ဖြစ်သူဟာ ထိုစာအုပ်အငှါးဆိုင်လေးရဲ့ နာမည်ဟာ( Andrea )အန်ဒရီရာလို့ သိလိုက်ရတဲ့အခါမှာ ပြုံးရုံကလေးသာ ပြုံးပြခဲ့သည်။

မေမေက သိနှင့်နေခဲ့လေပြီ။

"အစ်မမြစိန်က ဖုန်းဆက်လာတယ် သားနွေ"

လွမ်းနွေရဲ့ နှလုံးသားထဲမှာ ဝုန်းခနဲ အသံကျယ်ကြီးကြားလိုက်ရသလို ..

"အန်ဒရီ့ရဲ့ အခန်းရှင်းရင်း .. သူ့ရဲ့ ဒိုင်ယာရီစာအုပ်လေးကို မထင်မှတ်ဘဲ တွေ့ခဲ့တယ်တဲ့"

လွမ်းနွေက မေမေ့စကားတွေကို အခုထိ မတုံ့ပြန်နိုင်သေး။

"သားနွေရဲ့ အကြောင်းတွေချည်းတဲ့"

"မေမေ .."

"မေမေသိပါတယ် သားကလေးရယ်"

လွမ်းနွေက မိခင်ဖြစ်သူ၏ရင်ခွင်ထဲကို တိုးဝင်လို့ ဆွဲဖက်ထားမိတော့သည်။

"သားနွေ .. ဘယ်လိုဖြစ်ချင်လဲဟင်"

မေမေက သူ ကျူတာလုပ်ဖို့ လက်လျှော့မယ့်အကြောင်းမပြောခင်အချိန်ကလေးတုန်းကလည်း ထိုသို့မေးခဲ့ဖူးသည်။

လွမ်းနွေက ခဲရာခဲဆစ် စကားလုံးတွေကို တစ်ခုချင်း စုစည်းလိုက်ပြီး ..

"အန်ဒရီ .. ဖုန်းဆက်လာခဲ့ရင်လေ"

"နောက်နှစ်ဧပြီမှာ ကျွန်တော် အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်တော့မယ်လို့ သူ့ကိုပြောလိုက်ပါမေမေ။"

လွမ်းနွေဟာ အဲဒီနောက်မှာတော့ .. စာလေးတစ်စောင်ကို နောက်ဆုံးအကြိမ်အဖြစ် ပို့ပေးခဲ့လိုက်သည်။

လွမ်းရခက်ရင် ဆက်မလွမ်းပါနဲ့။
မင်းထင်ထားသလိုမဟုတ်ဘဲ
ရန်ကုန်နွေက နာကျင်စရာကောင်းပါတယ် ..

လွမ်းနွေဟာ ထိုကောင်လေးရဲ့ ဝေးရာကို အဲဒီလိုပဲ ရှောင်ပြေးခဲ့ပြန်ပါတယ်။

- - -

Next Part is Finale ..
ဘယ်လိုထင်ပါသလဲ။

နေနေး တစ်ပိုင်းချင်းစီရဲ့ အပေါ်ဆုံးမှာရေးထားခဲ့တာလေးတွေက အန်ဒရီ့ရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာရှိတဲ့ ကိုကို့အကြောင်း တစ်စိတ်တစ်ပိုင်းလေးတွေပါ ...

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Wo Geschichten leben. Entdecke jetzt