Part 20

921 67 1
                                    

အဘွား-ဒီဓာတ်ပုံကိုကြည့်လိုက်
(ဆိုကာအမျိုးသမီးနှစ်ယောက်ရိုက်ထားတဲ့ပုံကိုထုတ်ပြခဲ့တယ်)
အဘွား-ဒီဘက်ကကုတ်အကျီအမဲနဲ့ကအဘွားလေဒီဘက်ကတော့အဘွားအချစ်ဦး(ဖြောင့်ဆင်းနေသောဆံပင်ရှည်များကိုချထားကာပန်းနုရောင်ဂါဝန်ကိုဝတ်ဆင်ထားတဲ့လှပလွန်းတဲ့အမျိုးသမီးကိုလက်ညိုးထိုးပြလိုက်တယ်)

ဘဲ့ချိုဆွန်းကအဘွားနာမည်ပါ
ဟန်ဆိုးယောင်းကအဘွားရဲ့အချစ်ဦးပါ

ချိုဆွန်းအမေကဆိုးယောင်းရဲ့မိဒွေးပါ
ဆိုးယောင်းသူ့အ​ဖေပျော်ရင်ပြီးရောဆိုတဲ့စိတ်ကြောင့်သူတို့သားမိနှစ်ယောက်ကိုကျေနပ်စွာလက်ခံပေးခဲ့တယ်ချိုဆွန်းကိုလည်းသူ့ရဲ့
တစ်ကယ့်ညီမလေးတစ်ယောက်လိုချစ်ပေးခဲ့ရှာတယ်နှစ်တွေကြာတော့ဆိုး​ယောင်းကဆိုးလ်ကိုသွားပြီးအလုပ်လုပ်ခဲ့တယ်တစ်နှစ်မှတစ်ခါလောက်သာအိမ်ကိုပြန်လာနိုင်ခဲ့တယ်

ဆိုး​ယောင်း-ချိုဆွန်း(သိပ်လှတဲ့အမျိုးသမီးလေးတစ်ယောက်ကညှင်သာစွာဖြင့်နာမည်လေးတစ်ခုကိုခေါ်လိုက်တယ်)

ချိုဆွန်း -ဘယ်တုန်းကရောက်တာလဲ...

ဆိုးယောင်း-ဒီနေ့ကပဲရောက်တာ...ကြည့်ပါအုန်းငါ့ညီမလေးကတော်တော်တောင်ထွားလာတာပဲ

ချိုဆွန်း-အစ်မမလားတော့ဘူးထင်နေတာ

ဆိုးယောင်း-ဘာလို့ထင်နေတာလဲအဲ့လိုဒီကညီမလေးကိုတွေ့ဖို့အစ်မကလာရမှာပေါ့....

ချိုဆွန်း-အိမ်ထဲဝင်ရအောင်လေ...

ဆိုးယောင်း-အင်း

ဟန်ဂျင်ယောင်း-ဟောငါ့သမီးပြန်လာပြီလား
(ဟန်ဆိုးယောင်းရဲ့အဖေဖြစ်တဲ့သဋ္ဌေးကြီးဟန်ဂျင်ယောင်းကလှေကားပေါ်ကဆင်းရင်းသူ့သမီးဖြစ်သူကိုပြောလိုက်တယ်)

ဆိုးယောင်း-ဟုတ်အဖေ...နေကောင်းရဲ့လား

ဂျင်ယောင်း-ကောင်းပါ့ကွယ်ငါ့သမီးလာတော့ပိုတောင်ကောင်းသွားတယ်...

ချိုဆွန်း-အစ်မလာလေအစ်မအခန်းကိုလိုက်ပို့ပေးမယ်...(အိတ်တွေကိုသယ်ပေးရင်းပြောလိုက်တယ်)

ဆိုးယောင်း-အိတ်တွေကအစ်မပဲသယ်ပါ့မယ်
သွားပါကွယ်

ချိုဆွန်း-သယ်ပေးချင်လို့ပါနော်...

Pyramid Game season-1  ( Harin x Sooji) Where stories live. Discover now