"မင်္ဂလာပါ လူကြီးမင်းတို့ ၊ Summer လို့ခေါ်ပါတယ်၊ လိုအပ်သည့် ဝင်ဆောင်မှုမျာရပေးရန် လာရောက်ခြင်းဖြစ်ပါတယ်။ လူကြီးမင်းတို့ လိုအပ်သည်များကို ညွှန်ကြားလို့ ရပါတယ်ရှင့်"
Summer မျက်နှာပေါ်တွင် အပြုံးချိုချိုတစ်ခု ပြုံးရင်း ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ထို့နောက် မှာယူထားတော့ သောက်စရာများနှင့် စားစရာများကိုချပေးဖို့ ပြင်လိုက်သည်။
အားလုံးက Summer ၏ ရှိခြင်းမရှိခြင်းကိုတောင် အရေးမလုပ် သူတို့ဘာသာသူတို့ စကားတွေပြောရယ်မောနေကြသည်။
"Chris တို့ကိုကြည့်ဦးလေ ၊ ဒီနေ့ ဝတ်လာတာလှရဲ့လားဟင်၊ ဒီနေ့ Candy က Chris အတွက်ပဲနော် ဟင်းဟင်း"
အနက်ရောင် suit ကို တစ်ကိုယ်လုံးဖုံးအောင်ဝတ်ထားပြီး ခြေထောက်ကားပြီးထိုင်နေသော ယောကျာ်းတစ်ယောက်ဘေးမှ မိန်းမလှလေးရဲ့ ညုတုတုအသံထွက်လာသည်။ အနှီယောက်ကျာ်းမှာ ဘေးကမိန်းကလေးကို ရှိသည်လို့မထင်။ အလုပ်လုပ်နေတဲ့မိန်းကလေးကိုသာ စိုက်ကြည့်နေသည်။ Summer ကတော့ ဧည့်သည်တွေဆီမှ ကြားနေကျဖြစ်၍ ကိုယ်နဲ့မဆိုင် သလိုသာ လုပ်စရာရှိတာလုပ်နေလိုက်သည်။
"Chris ဘယ်ကိုကြည့်နေတာလဲကွာ၊ အဲ့ စားပွဲထိုးမကိုပဲ ကြည့်မနေနဲ့၊ Chris အကြိုက်လည်းမဟုတ်ဘဲနဲ့ကို"
Summer တစ်ယောက် သူ့ကိုရည်ညွှန်းပြောတာချက်ချင်းကြားလိုက်၍ တစ်ချက်ကြည့်လိုက်သည်။ ဒီလူဘာလို့ ငါ့ကိုစိုက်ကြည့်နေလဲပေါ့။ ထိုလူမှ ဘေးမှ သူ့လက်မောင်းကို
ချိတ်ထားသော အဆိုပါမိန်းကလေးရဲ့လက်ကို အားနဲ့ရိုက်ဖြုတ်လိုက်ပြီး ထိုင်ရာကနေထလိုက်သည်။ ထို့နောက် ရှပ် အင်္ကျီ လက်ရှည်ကို ပင့်တင်လိုက်တော့ ပေါ်လာသည့်လက်ဖျံနှစ်ဖက်စလုံးတွင် တက်တူးများက အထင်းသားမြင်ရသည်။ [Dreamers] [Nerves] [Burn] အစရှိသဖြင့် တက်တူးများ
"နွေဦး"
ဩရှရှမာဆတ်ဆတ်အသံက သူမကိုခေါ်တဲ့အသံ၊ နွေဦးဆိုသည်မှာ သူမနှင့် သူမ မိသားစုကလွဲ၍ မည်သူမှမသိသောနာမည်။ ကျောင်းနှင့် ID တွင် Summer ဟုသာ တရားဝင်မှည့်ထား၍ အခုလိုမြန်မာနာမည် နွေဦးကိုသိသည်မှာ ဖေဖေ၊ မေမေ၊ အန်တီ ပြီးတော့ ...
"ဟင် ..... ကိုကို Ian"
Summer ဆီမှ အလန့်တကြားထွက်လာသောအသံ။ သူမ၏နာမည်အား သေချာပေါက်သိသည်မှာ ထိုသူမှလွဲ၍ မည်သူမျှမရှိနိုင်။ မေမေမှာ နွေဦးတို့ US ကို မပြောင်းခင်ကတည်းက မြန်မာပြည်တွင် ဆုံးပါးခဲ့သည်။ ပုံစံအချိုးအစားနဲ့ တက်တူးများကိုကြည့်လိုက်သည်နှင့် သူမမြန်မာနာမည်ကို သိသည်မှာ ကိုကို Ian ကလွဲပြီးဘယ်သူမှမဖြစ်နိုင်။
အခန်းထဲရှိ သူများမှာလည်း Summer ကိုတလှည့် အဆိုပါ လူကိုတစ်လှည့် နားမလည်နိုင်သော မျက်လုံးများနှင့် ကြောင်ကြည့်နေကြသည်။ Ian ခေါ် Christian Yu လို ထိတ်ထိတ်ကြဲ မီချံနာ သူဌေးကြီးနှင့် ဘားတစ်ခုမှာ စားပွဲထိုးအဖြစ်လုပ်ကိုင်နေသော ကောင်မလေးတစ်ယောက်ကို ဘယ်လိုမှ ဆပ်စပ်တွေး၍ မရနိုင်ဖြစ်နေကြသည်။ သူမဆီလျှောက်လာသော ရင်းနှီးဖူးတာထက်ပိုသော ထိုသူကိုမြင်မြင်ခြင်း ထွက်ပြေးဖို့ ပြင်လိုက်တော့သည်။
အခန်းတံခါးကိုပြေးဖွင့်မဲ့ဆဲဆဲ သူမ၏လက်ကို တင်းကြပ်စွာ ဆွဲဖမ်းခံလိုက်ရသည်။
"နွေဦး...ဒီတစ်ခါ မင်းဘယ်ကိုထွက်ပြေးဦးမှာလဲ"
[Author Note: DPR IAN နဲ့ OC ရေးချင်လို့ထရေးလိုက်တယ်။ နှစ်အတော်ကြီးကြာမှစာပြန်ရေးတာဖြစ်တာမို့ အားပေးကြပါဦး]
Part-1
Start from the beginning
