" ငါတို့ဒီကိုလာတာနင်တို့နှစ်ယောက် ထူးအိမ်မြတ်နဲ့ခင်ဖူးပြည့်တို့ကိုတောင်းပန်ဖို့လာပြောတာ.."
ဟီး..တကယ်လို့သာငါအဲ့နှစ်ယောက်ကိုစိတ်ကျေနပ်စေရင်ငါ့မိဘရဲ့ ကုမ္ပဏီအဆင်ပြေမဲ့အပြင် ငါလည်းမျက်နှာပန်းပွင့်မှာပဲ..

" ဟုတ်တယ်...ငါတို့အဲ့ဒါလာပြောတာမင်းတို့ရဲ့အပြုအမူကဆိုးဝါးလွန်းတယ်..သူတို့နှစ်ယောက်ကိုတောင်းပန်သင့်တယ်.."
ငါဒီလိုလုပ်ပေးတာခင်ဖူးပြည့်သဘောကျမှာပဲ..သူသာပျော်ရင်ငါ့ကိုစဥ်းစားပေးနိုင်တယ်..

တခြားသူတွေဟာထက်ပြီးသွားတောင်းပန်ဖို့ပြောကြတယ်..အဲ့လိုပြောတဲ့သူတွေဟာဟိုနှစ်ယောက်ကိုဖားချင်တဲ့သူတွေဖြစ်ကြသလို သူတို့အကြီးတွေကိုပြန်ခံပြောတာကိုမကြိုက်တဲ့သူတွေလည်းဖြစ်ကြတယ်..ဒါကိုအခွင့်အကောင်းယူပြီးနာမည်ကြီးချင်တဲ့သူတွေကလည်းရှိသေး။

ပြည့်စုံဟာသွားတောင်းပန်ဖို့မျက်နှာပြောင်တိုက်နေတဲ့သူတွေကို နှုတ်ခမ်းမဲ့ပြီးကြည့်လိုက်တယ်..နောက်တော့သူ့နောက်ကဇင်ပိုင်ကိုလှည့်ကြည့်ရော အေးအေးလူလူနေနေတဲ့ဇင်ပိုင်ပုံစံကြောင့် ဇင်ပိုင်တစ်ခုခုလုပ်နေမှန်းသူသိလိုက်တယ်..သူတစ်ချက်ပြုံးပြလိုက်ပြီး ပိုပြီးပွဲဆူသွားအောင်သူလုပ်ဖို့ကြံလိုက်သည်။

" တော်တော့..."
ပြည့်စုံအော်လိုက်ရောအားလုံးတိတ်သွားခဲ့။

" ခင်ဗျားတို့ဘာတွေပဲပြောပြောကျွန်တော်ဂရုမစိုက်ဘူး..တောင်းပန်ခိုင်းဖို့လည်းမစဥ်းစားနဲ့ ကျွန်တော်တို့မမှားတဲ့အတွက်ဘယ်တော့မှမတောင်းပန်ဘူး..."
ပြည့်စုံထိုသို့ပြောရောပိုတောင်းဆိုးရွှားသွားခဲ့။ ဒီတစ်ခါတော့ဘေးနားကကျောင်းသားတွေကပါ တောင်းပန်ရမယ်လို့အော်ဟစ်နေတော့သည်။

အဲ့အချိန်မှာပဲလူနှစ်ယောက်ပြည့်စုံနဲ့ထိုလူတွေရှေ့ဝင်ရပ်လိုက်သည်။ ထိုနှစ်ယောက်ကဟိန်းသူရနဲ့စုရတနာဖြစ်တယ်..ဟိန်းသူရဟာ..

" ခင်ဗျားတို့အမှန်တရားအမှန်ကိုမသိပဲမပြောကြပါနဲ့လား..အဲ့ဗီဒီယိုကအမှန်ဆိုပေမဲ့ကြားထဲမှာဖြတ်ထားတာတွေရှိတယ်ဆိုတာ ခင်ဗျားတို့သတိမထားမိကြဘူးလား.."

Mr.Zin (s-2)Where stories live. Discover now