249 43 2
                                    

အဲ့ဒီ့သူအပေါ်မှာထားတဲ့ သူ့ရဲ့အချစ်တွေကုန်ဆုံးသွားတာနဲ့ တစ်ပြိုင်နက်တည်း ရင်ခုန်သံတွေဟာ ရပ်ဆဲသွားခဲ့တယ်။တစ်ဆက်တည်းမှာပဲ သူ့ဆီမှာ အချစ်ဆိုတဲ့အရာဟာလည်း လုံးဝဥဿုံပျောက်ဆုံးသွားခဲ့တယ်။
_____________________________________
ဂယူဘင်းက အင်္ကျီလက်ကိုတံတောင်ဆစ်နားအထိခေါက်တင်လိုက်ပြီးနောက် မှန်တစ်ချက်ကြည့်ကာ ဘေးနားက ကုတ်အား ဆွဲယူလိုက်ကာ ဂယူဘင်းက ကားပါကင်သို့ဦးတည်လိုက်သည်။

"အင်း ငါအခုထွက်လာနေပြီ အင်း ခနနေတွေ့မယ်"

ဖုန်းကျသွားပြီးတဲ့အခါမှာ ဂယူဘင်းကလည်း ကားပါကင်မှ စတင်ထွက်ခွာနေပြီဖြစ်သည်။

သူမလာမှာဆိုးလို့ မိုးလင်းတည်းက တတီတီနှင့် ဂျီကျနေသည့် မက်သရူးက ဒီနေ့မှမလာရင် ငါကိုယ်တိုင်လာဆွဲချမယ်ဆိုသည့်စကားမှာ ဂယူဘင်းက ငါးနှစ်နီးပါးမသွားဖြစ်တော့သည့် ကျောင်းသားဟောင်းများတွေ့ဆုံပွဲအား သွားရန်အကြောင်းဖန်လာခဲ့သည်။

ငါကိုယ်တိုင်ဆိုတဲ့စကားက သေချာပေါက် သူတစ်ယောက်တည်းကိုရည်ညွှန်းတာဟုတ်မနေဘဲ တစ်အုပ်စုလုံးကိုဆိုလိုခြင်းမှန်းသိတာကြောင့် ဂယူဘင်းက ဒီနေ့ကို သေချာပေါက် ချိန်းထားတဲ့ဆီ ရောက်အောင်မှမသွားဖြစ်ခဲ့လျှင် အဲ့ကောင်တွေ​၏ ပေါက်ပေါက်ဖောက်ခံရခြင်းနှင့်အတူ အိမ်ပေါ်ထိတက်လာပြီး နှိပ်စက်ခံရမည့်ကိန်းအား မြင်ယောင်နေသည့်အတွက် ဂယူဘင်းက သွားရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"ဟေ့ ယို့! ဂယူဘင်း"

"ဟေး"

"What's up man"

နာမည်ကြီးထိပ်တန်းစားသောက်ဆိုင်တစ်ခု​၏ သီးသန့်အခန်းကျယ်ကြီးထဲသို့ ဝင်'ဝင်လိုက်ချင်းမှာပင် သူ့ဆီသို့ ဆက်တိုက်ရောက်လာကာ ကြိုဆိုကြသော မတွေ့တာကြာပြီဖြစ်သည့် သူငယ်ချင်းတွေက ဖက်လှဲတကင်းဖြင့် ဝမ်းသာအားနှုတ်ဆက်ကြသည်။

လွန်ခဲ့တဲ့ငါးနှစ် အတိအကျပြောရလျှင် သူ့ဘဝ​၏အရေးအပါခဲ့ဆုံးသူနှင့် တစ်ယောက်တစ်လမ်းဆီသွားဖို့ ရွေးချယ်ခဲ့တဲ့နေ့ သူ​၏ခံစားချက်တွေပျောက်ဆုံးခဲ့တဲ့နေ့ကနေစပြီး နှစ်ယောက်လုံးအားသိသည့် လူတိုင်းနှင့် အဆက်အသွယ်ဖြတ်ပစ်ခဲ့ကာ အလုပ်နှင့်သာ မိတ်ဖွဲ့ဖြစ်ခဲ့ခြင်းဖြစ်သည်။

Ex-husband's present partner like me so muchWhere stories live. Discover now