ဟီနာကို ယောင်္ကျားလေးလို့သာ သိတာကြောင့် အထိန်းတော်က ပြောလိုက်တာဖြစ်သည်။ ဟီနာက ဒွိလိင်ဆိုတာကို အစေခံမလေးတစ်ယောက်သာသိသည်။

"ကောင်းပါပြီ ကြင်ယာတော်ခေါင်းဆောင်ကိုမေးလိုက်ပါ့မယ်"

"ဟုတ်ကဲ့ပါကြင်ယာတော် ခေါင်းဆောင်အတွက်မျိုးဆက်က မဖြစ်မနေလိုအပ်တာမို့ သေချာလေးပြောစေချင်ပါတယ် .."

"ဟုတ်ကဲ့.."

"ဒါဆိုခွင့်ပြုပါ ကြင်ယာတော်.."

ဟီနာခေါင်းညိတ်ပြလိုက်သည်နှင့် အထိန်းတော်က ထွက်သွားသည်။

"ကြင်ယာတော် ဘယ်လိုလုပ်ကြမလဲ.."

အစေခံကောင်မလေးလည်းမျက်နှာပျက်စွာဖြင့်မေးလိုက်သည်။

ဟီနာရဲ့ရင်ဘတ်တစ်ခုလုံးက အလွန်မင်းတင်းကျပ်‌ နေသည်။

'ဟင့်အင်း အာသာက တစ်ခြားမိန်းကလေးနဲ့...မဖြစ်ဘူး မလိုချင်ဘူး ဒါဆို အာသာမျိုးဆက်အတွက်ရော ဟီနာ မင်းက ကလေးရမယ်ဆိုတာမှ မသေချာတာ..'

ဟီနာစိတ်ထဲ ကမ္ဘာပျက်ကာ အတွေးမျိုးစုံတွေးနေရတော့သည်။ ထိုစိတ်ကြီးကြောင့် စားမဝင်အိပ်မပျော် ဂနာမငြိမ်စွာဖြင့် အာသာအပြန်လာကိုမျှော်နေမိတော့သည်။

အာသာ ပြန်လာတဲ့အခါ ဟီနာက အိပ်ရာပေါ် ကွေးကွေးလေးအိပ်နေသည်။

"ဟီနာ ဘာဖြစ်လို့ အိပ်နေတာလဲ နေမကောင်းဘူးလား.."

အရင်ကဆို သူပြန်လာလျှင် အခန်းထဲ တစ်ခုမဟုတ်တစ်ခု ကလိနေတတ်တဲ့ ဟီနာက ဒီနေ့ကျ ကုတင်ပေါ် အားနည်းစွာ အိပ်နေတာကြောင့် အာသာစိတ်ပူသွားသည်။

"အာသာ ပြန်လာပြီလား.."

"အင်း ကိုယ်ပြန်လာပြီ ဘာလို့ အိပ်နေတာလဲ အစောကြီးလည်းရှိသေးတာကို..."

"ဘာမှမဖြစ်ပါဘူး အာသာ
ရေအရင်ချိုးလိုက်ပါ ပြောစရာရှိတယ်.."

အာသာလည်း ရေအမြန်ချိုးလိုက်ကာ ဟီနာဆီပြန်လာသည်။

"ပြောစရာရှိတာပြောတော့..."

ဟီနာက အားတင်းကာပြောလိုက်သည်။

"ဒီလိုပါ အထိန်းတော်ကြီးက အာသာအတွက် မိန်းကလေးကြင်ယာတော် ထားဖို့အတွက်ပြောလို့ပါ...အာသာရဲ့မျိုး...."

My Little Wife Where stories live. Discover now