အပိုင်း(၇၁)

Start from the beginning
                                    

တစ်နေ့တာလုံး ကြိုးကြိုးစားစား အပြည့်အဝ အလုပ်အလုပ်ပြီးနောက်  ယွမ်ကျိုးက အရမ်းပင်ပန်းလွန်း၍ သူ့ထိုင်ခုံမှာ ပစ်ထိုင်ချလိုက်သည်။ စနစ်မှ ထောက်ပံ့ထားသော ရေကို သောက်ပြီးနောက် သက်ပြင်းချလိုက်သည်။

ထို့နောက် ခေါက်ဆွဲပြုတ်လိုက်ပြီး အသံမြည်အောင် မြိုချလိုက်သည်။

“ဒီကနေ့ ခေါက်ဆွဲပြုတ်အရသာက ထူးခြားတယ်။ ငါ့ဟင်းချက်လက်ရာက အတော်လေး တိုးတက်လာပြီ” ယွမ်ကျိုးက ပျော်ရွှင်စွာ တွေးလိုက်သည်။

ယခင်နေ့များအတိုင်း ယွမ်ကျိုးက ခေါက်ဆွဲပြုတ်ခွက်ကို ကိုင်ဆောင်ကာ နောက်ဖေးလမ်းကြားတွင်ရှိသော အမှိုက်ပုံးအနား သွားသည်။

အရေပြားရောဂါကြောင့် ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဗလပွဖြစ်နေသော ခွေးလေးက ဒဏ်ရာများသက်သာပြီး အမွေးများ ပြန်ရှည်နေသည်။ ခွေးလေးက အတော်လေး သန့်ရှင်းသပ်ရပ်နေသည်။

ခွေးလေး၏ မူလပိုင်ရှင်က ခွေးလေး၏စပျစ်သီးပုံစံ မျက်ဝန်းနက်များကို သဘောမကျ၍ စွန့်ပစ်လိုက်ခြင်း ဖြစ်ရမည်။ ယွမ်ကျိုးက သူ့ကို နေ့တိုင်း စွပ်ပြုတ်ရည် တိုက်သည့်တိုင် ခွေးလေးက ပျင်းရိလေးတွဲစွာဖြင့် ခေါင်းမော့ကြည့်ရုံသာ ကြည့်တတ်သည်။

“မင်းရဲ့အမွေးတွေက တော်တော် သန့်ရှင်းသွားပြီလို့ ပြောလို့ရတယ်” ယွမ်ကျိုးက စွပ်ပြုတ်အရည်များကို ခွေးလေးအရှေ့က ပန်းကန်လုံး သေးသေးလေးထဲ မထည့်ပေးခင် ရေရွတ်သည်။

အမွေးဖွာခွေးလေးက အသိအမှတ်ပြုဟန်ဖြင့် တစ်ချက်မော့ကြည့်ပြီး ဆက်လက် လှဲလျောင်းနေသည်။

ယွမ်ကျိုးက ခွေးလေး၏ မော်ကြွားသော အပြုအမူနှင့် ကျင့်သားရနေ၍ စိတ်ထဲ သိပ်မထားပေ။ ထို့နောက် အနားယူရန် သူ့စားသောက်ဆိုင်သို့ ပြန်သွားခဲ့သည်။

နောက်တစ်နေ့ မနက်ခင်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ခွင့် ရမည်ဟု ယွမ်ကျိုး တွေးထားခဲ့သည်။ နောက်တစ်နေ့ မနက်ခင်းတွင် နားဆူလောက်သော ခွေးဟောင်သံ နှင့် ခွေးအူသံများကို ကြားရလိမ့်မည်ဟု ယွမ်ကျိုး ကြိုတင် မမျှော်လင့်ခဲ့ပေ။ ယွမ်ကျိုး လန့်ဖျပ်သွားပြီး အိပ်ရာပေါ်မှ အလောတကြီးထသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now