အပိုင်း(၆၈)

Start from the beginning
                                    

“သူဌေးယွမ်က ဘယ်တော့မှ မပြုံးဘူး။ ဒီဆိုင်ကို အမြဲလာဖြစ်ပေမဲ့ သူ ပြုံးတာကို မမြင်ဖူးဘူး။ ဒီအခြေအနေကို မင်းရော ဘယ်လိုထင်လဲ”
ပုံမှန်ဖောက်သည်က လျှို့ဝှက်စွာ ပြောဆိုသည်။

“သူ့ဘာသာသူ စိတ်ကောင်းဝင်နေလို့ ဖြစ်မှာပေါ့” တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ခဲ့သော ပရိသတ်က ဂရုမစိုက်ဟန် ပြောသည်။

“ရိုးအလိုက်တာနော်။ သူဌေးယွမ်က ဖောက်သည်တွေကို အလျှော့ပေးလိုက်တဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်မှာပါ” ထိုစဉ် တစ်စုံတစ်ယောက်က စကားဖြတ်ပြောသည်။

တခြားတစ်ဖက်တွင်မူ လင်းဟုန်က ယွမ်ကျိုး စိတ်အနှောင့်အယှက်ဖြစ်စေသော စကားမျိုး သူ ပြောမိမည်ကို စိုးရိမ်၍ ယွမ်ကျိုးကို သတိကြီးစွာ စောင့်ကြည့်နေသည်။

တိုက်ဆိုင်စွာဖြင့် ယွမ်ကျိုး၏အကြားအာရုံက သူတို့ပြောသမျှ စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ ယခုတော့ ယွမ်ကျိုးက မနက်ခင်းမှာ ဆက်အိပ်သင့်လား စဉ်းစားနေသည်။ မနက်ခင်း စောစောထပြီး စီးပွားရေးလုပ်ကိုင်ရခြင်းက တကယ်ကို ပင်ပန်းသည်။

ထို့နောက် ယွမ်ကျိုးက ခံစားချက်ကင်းမဲ့သော ပုံမှန်အမူအရာ ပြန်ပြောင်းလဲသွားသည်။

“ကျွန်တော် လန့်ဖျပ်သွားတာပဲ။ နောက်ဆုံးတော့ သူဌေးယွမ်ရဲ့စိတ်အခြေအနေက ပုံမှန်ပြန်ဖြစ်သွားပြီ”
သူတို့စကားဝိုင်းထဲ ဝင်ပြောလာသော အမျိုးသားက ရုတ်တရက် ထအော်သည်။

“ဟုတ်တယ်။ အမှန်ပဲ။ ငါလည်း သူဌေးယွမ် ရူးများသွားသလား တွေးနေမိတာ” တခြားသောဖောက်သည်ကလည်း သူ့ရင်ဘတ်သူ ပုတ်ပြီး စကားဆက်ပြောသည်။

ထိုစဉ် ယွမ်ကျိုးက ဤဖောက်သည်နှစ်ယောက် ပြောသောစကားများကို ရှင်းရှင်းလင်းလင်း ကြားသွား၍ မနက်ဖြန် ၂ရက်ဆက်တိုက် ဆက်အိပ်ရန် ဆုံးဖြတ်ခဲ့သည်။

ဆုံးဖြတ်ချက်ချခဲ့သည့်တိုင် မစ်ရှင်မပြီးမြောက်သေးသော စကားလုံးကို တွေးမိပြီး စိတ်မအေးရပေ။ ထို့အပြင်  မဲနှိုက်ခြင်းဖြင့် ရရှိလာမည့် ဟင်းပွဲအမျိုးအစားများကိုလည်း အတော်လေး သိချင်မိသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now