".......ဟင့်!"

တော်ဝင် ခပ်ဆတ်ဆတ်ဟောက်လိုက်တော့ ရှိုက်သံလေးတစ်ခါပဲ ထွက်လာကာ တိတ်သွားသည်။
သူ့ လုပ်မှာကျကြောက်သား။

ဖင်ပြားချထိုင်နေသူနားအာ ခပ်ဖြေးဖြေးသွားကာ

"ငါက မင်းအဖေ သူငယ်ချင်းရဲ့သား။ငါနဲ့ငါ့အဖေက ဒီရွာမှာ အလှုလာလုပ်တာ။ပြီးတော့ ငါတို့လာမယ်ဆိုတာကို မသိဖူးလို့တော့မပြောနဲ့နော်!"

ထိုသို့ပြောလိုက်တော့ မျက်လုံးလေးတွေ ၀ိုင်းသွားကာ အံ့သြနေသည့်ပုံ။

ဟင်...အ့ဆို အဘ တစ်လောက ပြောတဲ့ သူ့သူငယ်ချင်းတို့ သားအဖလာမယ်လို့ပြောတာက ဒီလူလား!

"သိပါတယ်..ခဗျားက လူကောင်ကအကြီးကြီးနဲ့ ဆိုတော့ ရုတ်တရက် ကျုပ်က သူခိုးထင်လို့!"

"ဒီရုပ် ဒီရည်နဲ့ သူခိုးဖြစ်စရာလား။တော်တော် ညဏ်တိမ်လိုက်တဲ့ကောင်!"

"ခဗျားနော်...ခဗျား စောနက ကျုပ်ကိုဘာလို့နမ်းတာလဲ!"

"........"

"ကျုပ် မိုးလင်းတာနဲ့ ခဗျား အဖေနဲ့ အဘကို တိုင်ပြောမယ်။ခဗျားကို ရိုက်ခိုင်းမယ် လူယုတ်မာ!"

"အဟက်!ကြောက်လိုက်တာဗျာ..."

ငြိမ့်ရှေ့တွင် စပ်ဖြီးဖြီးနှင့် လုပ်နေသူအား

"ရုပ်ကိုက မုဒိန်းသမားရုပ်နဲ့!"

"ဟုတ်တယ်!ကြည့်ပြီးနေနော် မင်းလဲ။တော်ကြာ အဲ့ မုဒိန်းသမားက မင်းကိုပါ တတ် ကျင့် နေဉီးမယ်။မုဒိန်းသမားတွေ ဆိုတာက လုပ်ချင်တဲ့အချိန် ထထလုပ်တာ!"

"ခဗျား....!"

ကျင့် ဆိုသည့်နေရာကို ဖိကာပြောလိုက်ပြီး နှုတ်ခမ်းတစ်ဖက်တွန့် ပြုံးလိုက်သူကိုကြည့်ပြီး ငြိမ့်ပါးမို့မို့လေး၂ဖက်တွင် အနီရောင် တစ်ချို့ ဖျတ်ပြေးသွားသည်။
အရှက်မရှိတဲ့ အကောင်ဆိုတာ ဒီလူကိုပြောတာထင်တယ်။

"ဟာ...ဟေ့လူ!ဘာလုပ်နေတာလဲ!"

ခပ်တည်တည်ဖြင့် ငြိမ့် အိပ့်ယာပေါ်တတ်ကာ ဆတ်ခနဲ လှဲအိပ့်လိုက်သူကြောင့် ငြိမ့်ကြောင်သွားသ ည်။
မဟုတ်မှ....ဒီလူ ငြိမ့်နဲ့ အတူအိပ့်မှာတော့မဟုတ်ပါဖူးနော်!

My Possessive LovelyWhere stories live. Discover now