ကြောက်စိတ်လေးဟာလည်း ကိန်းအောင်းလာသည်။

ဆိုင်ကယ်သမားကိုလည်း စိတ်တိုကာ ကားပေါ်ကနေ ဆင်းလိုက်တော့ ဆိုင်ကယ်သမားကလည်း တစ်ဖက်ကနေ သူ့ဆိုင်ကယ်ကိုရပ်လျက် ကျွန်တော့်ကိုလှမ်းကြည့်သည်။

"ဟေ့လူ...ဆိုင်ကယ်ကို လူလိုမမောင်းတတ်ဘူးလား"

ဆိုင်ကယ် Helmet အောက်ကနေ သူ့မျက်ဝန်း။ သိပ်ကို စူးရဲတာဘဲ။ 

"ခင်ဗျားကြောင့် ကျွန်တော့်ကား စက်နှိုးလို့မရတော့ဘူး...ဘာပြန်လုပ်ပေးမှာလဲ"

ထိုအခါ ဘာမှကျွန်တော့်အား မတုံ့ပြန်ဘဲ အနားသို့ရောက်လာသည်။

"ပြင်တတ်တယ်...ပြင်ပေးမယ်...ရလား"

"ပြင်မရရင်ကော...ခင်ဗျားက ဘာလုပ်ပေးမှာလဲ"

"အဟွန်း...လျော်ကြေးတောင်းချင်နေတာလား"

ပိုက်ဆံကဘာလုပ်လို့ရမှာလဲ။ ကိုယ်တိုင်လည်း ပြင်နိုင်တယ်။ ဒါပင်မဲ့ သူ့ကြောင့် ဖြစ်တာမို့  ကျွန်တော်က မကျေနပ်တာ။ အဲ့တာကို သိစေချင်တာ။

"လူလိုသိစေချင်တာဗျ"

ထိုလူက ကျွန်တော့်ကို ပြန်ပြီး မတုံ့ပြန်ဘဲ ကားရှေ့ဖုံးကို ဖွင့်ကြည့်သည်။ ထို့နောက် ကားထဲကိုနိုက်၍ စစ်ပေးသည်။

ဖုန်းကလည်း ကားထဲမှာမို့ သူ့အနားက ပြန်ခွာလိုက်ကာ ကားတံခါးကို ဖွင့်ကာ ဖုန်းကို ကုန်းယူလိုက်ပြီး ပြန်ထလိုက်သည့်အချိန်တွင် နှာခေါင်းကို အုပ်ခံလိုက်ရသည့် ခံစားချက်နဲ့အတူ ရုန်းကန်ပင်မဲ့ လက်လေးတွေဟာလည်း ချုပ်တီးခြင်းခံလိုက်ရသည်။ တစ်ဆက်တည်း ဆေးနံ့ခပ်စိမ်းစိမ်းရနံ့ကိုပါ ရလိုက်ပြီး ရုန်းနေရင်းမှ မူးဝေလာကာ အိပ်ချင်စိတ်ချက်ချင်းဖြစ်သွားလျက် ခန္ဓာကိုယ်လေးဟာလည်း ပျော့ခွေသွားတော့သည်။

ဒါဟာ ပြန်ပေးဆွဲခံလိုက်ရတာလား။

"Boss..."

"ကားသွားယူ"

ပီပီသသ ထွက်လာသည့် အာရဗစ်ဘာသာစကား။ ဆိုင်ကယ် Helmet ကိုချွတ်လိုက်ကာ မှီတွဲကာ ပျော့ခွေနေသည့်ခန္ဓာကိုယ်လေးကို ပွေ့လိုက်သည်။

The Criminal & HabibiWhere stories live. Discover now