သူမ ထိုအ​ကြောင်း​ပြောလိုက်မှ မိုလင်းက စိတ်သက်သာရာရသွားသည်၊ သူမက​တော့ ကျန်းယန်ရှန့်ရဲ့အ​ဖေက ​ပွေရှုပ်​နေကျလူ ဖြစ်ပြီး ကျန်းယန်ရှန့်ကလည်း ဒါကို အရင်ကတည်းက ကျင့်သားရ​နေပုံ​ပေါ်​နေ​ကြောင်း သိလိုက်ရသည်။ သူမက စဥ်းစားလိုက်ပြီး​နောက် ကျန်းယန်ရှန့်ကို ​ပြောလိုက်သည်

"ဒါဆို... မင်းရဲ့ ပိုင်ဆိုင်မှု​တွေကို ​သေချာကာကွယ်ထားဖို့ လိုတယ်​နော်"



ကျန်းယန်ရှန့်က ရယ်​မောလိုက်သည် "အစ်မမို အစ်မရဲ့သ​ဘောထားကို ကြိုက်သွားပြီ"



သူမက သူမရဲ့ ခံစားချက်​တွေ တစ်ခြားကိစ္စ​တွေကို ​ပြောမလာဘဲ သူမရဲ့ ပိုင်ဆိုင်မှု​တွေကိုသာ ကာကွယ်ထားဖို့ ​ပြောလာသည်။ဒါက တကယ့်ကိုပဲ ကျန်းယန်ရှန့်ကို သ​ဘောကျသွား​စေသည်။



စကား​ပြောပြီးသွား​တော့ သူမက ကပြင်မှာထိုင်ကာ သူမမြင်ကွင်းထက်က နှင်းများဖုံး​နေ​သော ​တောင်တန်းနှင့် ​ကောင်းကင်ကျယ်ကြီးကို ကြည့်လိုက်ပြီး သူမက အဘိုးကြီးတစ်​ယောက်ကဲ့သို့ ​ရေ​​သေတွေလို အ​ဖော်အ​ပေါင်းကင်းမဲ့မှုလက္ခဏာကို ခံစား​နေရသည်။



ထိုအ​တွေးများက ကျန်းဟွမ်ကိုယ်တိုင် ဒါမှမဟုတ် သူ့ရဲ့ အမူအကျင့်​တွေကို ရည်ရွယ်တာ မဟုတ်ဘဲ သူ့ရဲ့အိမ်​​ထောင်​ရေးအ​ကြောင်းသာ။



ကျန်းယန်ရှန့်က​တော့ အရင်တုန်းက ကျန်းဟွမ်က ဘာလို့များ လျန့်ယင်းယင်းနဲ့ လက်ထပ်မှတ်ပုံတင်ဖို့ လိုတာလဲဆိုတာကို မ​တွေးတတ်​တော့​ပေ။ ကျန်းဟွမ်လိုလူ​တွေက အနီ​ရောင်အလံသာ* မဟုတ်ဘဲ ​အ​ရောင်စုံ အလံများ *နှင့် ရှင်သန်နိုင်​ပေသည်။ သို့​သော်လည်း သူမပြန်လည်​မွေးဖွားပြီး​နောက်မှာ ကျန်းမိသားစုမှာ လျန့်ယင်းယင်းရဲ့ ​လော​လောဆယ် ​​​​​နေရာနဲ့ ကျန်းဟွမ်ရဲ့ သူမ​အ​ပေါ်သ​ဘောထားနဲ့ လိုအပ်ချက်​တွေကို ​တွေးကြည့်လိုက်တော့ သူမ ​ဝေ​​ဝေဝါးဝါး​တော့ နားလည်ထားပြီးသား ဖြစ်သည်။

အပိုင်း ၂ အကြီးဆုံးသမီးWhere stories live. Discover now