Boss and Me [ Unicode ]

677 93 26
                                    



_
---Boss and Me ---




.

.

.

" သတင်းကောင်း..!!!! သတင်းကောင်းရှိတယ်ဗျို့..!! "

ရုံးခန်းထဲမှာ ပျော်ရွှင်မြူးတူးစွာထွက်လာတဲ့အတွင်းရေးမှူးလေးကြောင့် အကုန်လုံးက စိတ်လှုပ်ရှားစွာဖြင့် လက်သီးများဆုပ်လျက် မျက်လုံးတောက်တောက်ကလေးဖြင့် ‌ပြောလာမဲ့စကားကို စောင့်မျှော်နေကြသည်။

အစာရှာထွက်တဲ့အမေကြီး ပြန်လာသည်ကို စောင့်နေသည့် သားပေါက်လေးတွေအလား...

" ဒီနှစ်သင်္ကြန်မှာ Bossက အကုန်လုံးကို ကမ်းခြေလိုက်ပို့မယ်တဲ့..!!!!!"

"Yeah..!!!!!"

" Yayyy...!!!! "

" ဒါပဲလေ..!!! လိုချင်တာ ဒါ ..!!! "

" Ooohh..!!!! Yeah..!! ဒါမျိုး မင်ဟန်တို့အကြိုက် "

အကုန်လုံးက လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်နေကြသည်။
ရိပေါ်လည်း သူတို့နဲ့ထပ်တူပျော်ရွှင်မိပါသည်။

တစ်နှစ်ပါတ်လုံး အတူတူမနားမနေကြိုးစားခဲ့ကြခြင်း၊ အိမ်မှာနေရတာတောင် ရှားပြီး တချို့ဆို OTဆင်းရင်း အလုပ်မှာတင် မိုးလင်းခဲ့ရသူတွေချည်းပင်။

ရိပေါ်တို့ရဲ့ Companyက အချိုရည်ထုတ်လုပ်သည့် Companyဖြစ်ပြီး အသီးဖျော်ရည်အမျိုးမျိုးကို ပြည်တွင်းပြည်ပအထိ တင်ပို့သည်။

လ‌ိမ္မော်၊စပျစ်၊ပန်းသီး၊သစ်တော်၊နာနတ်၊ဖရဲ စသဖြင့် ပေါများသည့် အသီးများကို ဈေးကွက်အလိုက် ကြိုတင်မှာယူထားရသေးသည်။

အခု မက်မွန်သီးနဲ့ စတော်ဘယ်ရီသီး အရသာနှစ်မျိုးအတွက် ကြိုးပမ်းနေကြရတာ ဖြစ်ပြီး၊ ဒီတစ်ခါလဲ လူကြိုက်များဖို့ မျှော်လင့်ချက်တွေနဲ့ ကြိုးစားနေကြရခြင်း။

မက်မွန်သီးနဲ့ စတော်ဘယ်ရီကို တခြားနိုင်ငံကနေ မှာယူရမှာမို့ အကုန်လုံးက အမှားအယွင်းမရှိအောင် သတိထားနေရတယ်။

ထုတ်ကုန် အသစ်၏ ရလဒ်သည် ထင်ထားတာထက် ပိုမိုကောင်းမွန်တာမျိုး သူဌေးကလဲ အားရကျေနပ်သလို၊ ရှယ်ယာဝင်တွေကပါ သဘောတကျကျ၊ ဆုလာဘ်အနေနဲ့ သင်္ကြန်မှာ မုန့်ဖိုးအပြင် ကမ်းခြေပါ လိုက်ပို့သည်မို့ အကုန်လုံး မပျော်ဘဲ မနေကြတော့.။

Boss & Me [Os]Where stories live. Discover now