Happy Thingyan with KheNyeim (U+Z)

Start from the beginning
                                    

"ခီတန်ကူးဇဏ်ရယ် မင်းအပိုတွေမလုပ်ပါနဲ့"

"ဟောဗျာ"

"မင်းသာ အဲ့ဆံပင်တွေညှပ်ပစ်စမ်းပါ အိမ်ထောင်သညါက အိမ်ထောင်သည်နဲ့ မတူဘူး အပြင်တစ်ခါထွက်တာနဲ့ လူတိုင်းကလိုက်ကြည့်နေတာ ငါက မင်းညီကျနေတာပဲ "

"ညိမ်က ညှပ်စေချင်ရင် မောင်ညှပ်မှာပေါ့ "

မင်္ဂလာဆောင်ပြီးမှ တအားကို ပွတ်သီးပွတ်သပ်လာကာ စကားကိုလည်း ပျစ်ချွဲအောင် ပြောတတ်လာသည်။ ဘယ်သူ့ဆီကနေ သင်လာတာလဲမေးရင် စစ်သွေးရှားညိုဆီကလို့ပဲဖြေတတ်သည်။

"ဒါနဲ့ ခီ"

"မောင်"

"အေးပါ အေးပါ မောင်"

"ဗျာ"

"စစ်သွေးက ရတုကိုကြိုက်နေတာလား"

"မြင်တာနဲ့ အသိအသာကြီးကို ညိမ်ရာ"

"အဲ့တာဘာဖြစ်လို့လဲ ရတုက Homophobia ရှိတာလား"

"Homophobia ရှိရင် မောင်တို့နဲ့ ပေါင်းပါ့မလား"

"အဲ့တာဆို ဘာလို့လဲ"

ခီတန်ကူးဇဏ်က ရှင်းပြသည်။

"ရတုက အရင်ထဲက အေးတယ်အေးတယ်ဆိုပေမဲ့ မာနလည်းကြီးတယ် စစ်သွေးအချစ်ဦးနဲ့တောင် သူကအောင်သွယ်ပေးခဲ့တာလေ သူ့က ခန့်မှန်းရခက်တယ် မပြောတတ်ဘူး စစ်သွေးအပေါ်ဘယ်လို သဘောထားလဲဆိုတာ
စစ်သွေးက တကယ်ပလေးဘွိုင်း ဘယ်လိုကနေဘယ်လို ရတုကို ကြိုက်သွားလဲဆိုတာတော့ မောင်လည်း မပြောတတ်ဘူး"

"ရှုပ်တယ်နော် ဒါပေမဲ့ စစ်သွေးကချောပါတယ် လူမိုက်ရုပ်ပေါက်ပေမဲ့"

ခီတန်ကူးဇဏ်က ရယ်လိုက်ရင်း..

"အတော်လေးရှုပ်တယ် သေချာတာကတော့ စစ်သွေးတို့ ညီအစ်ကိုနှစ်ယောက်လုံးက အရမ်းချောတယ် ညိမ်မမြင်ဖူးလို့ စစ်သွေးအစ်ကိုက ပိုချောတယ်"

"ဟုတ်လား"

"ဟုတ်တာပေါ့"

"ဘယ်လောက်ထိချောတာလဲ"

"ချောတယ်လို့ထင်ရတာပါ ညိမ်လောက်တော့ မောင့်ရင်ထဲ ဘယ်သူ့မှမတိုးဘူး"

ထိုအခါမှ ပြုံးစစဖြစ်သွားသည်။

"တော်လိုက်တာနော် ခီကူးလေး"

Love Of My Life [Completed]Where stories live. Discover now